ဟောင်ကောင်၊ နိုဝင်ဘာ ၂၃

ဟောင်ကောင်အာဏာပိုင်များသည် လာမည့် လွှတ်တော်ရွေးကောက်ပွဲအတွင်း တရုတ်ပြည်မကြီးရောက် ဟောင်ကောင် ပြည်သူများကို မဲပေးခွင့်ပြုလိုက်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်က ပြောကြားခဲ့သည်ဟု အေပီသတင်း မှာ ဖော်ပြထားသည်။

တရုတ်ပြည်မကြီးရောက် ဟောင်ကောင်ပြည်သူများ မဲပေးနိုင်ရန် ပြည်မကြီးနှင့်နယ်စပ်တွင် မဲရုံများ ထားရှိပေးမည် ဖြစ် ကြောင်း မြို့အာဏာပိုင်တစ်ဦးက နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီသတင်းက ဆက်လက် ဖော်ပြထား သည်။

လာမည့် ဒီဇင်ဘာလ ၁၉ ရက်တွင် ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲများအတွင်း ပြည်မကြီးသို့ ရောက်ရှိနေသည့် ဟောင်ကောင် အမြဲတမ်းနေထိုင်သူ စာရင်းဝင်သူများအနေ ဖြင့် အထူးမဲရုံများတွင် မဲပေးနိုင်ရန်အတွက် မြို့တွင်းသို့ နယ် စပ်ဖြတ်ကျော် ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်က ပြောကြားခဲ့သည်။

မဲဆန္ဒရှင်များ အနေဖြင့် မဲပြီးနောက် ချက်ချင်းပြန်လာရမည်ဖြစ်ပြီး တရုတ်ပြည်မကြီးသို့ ပြန်ဝင်သည့်အခါ ကိုရိုနာ ဗိုင်းရပ်စ် ကြောင့် သီးသန့်ခွဲခြားနေထိုင်ရခြင်း (Quarantine) မလိုအပ်ကြောင်း ကယ်ရီလမ်က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြော ကြားခဲ့သည်။

“လောလောဆယ် ပြည်မကြီးမှာ သောင်တင်နေတဲ့လူတွေ ရှိနေသေးတယ်။ အလုပ်လုပ်နေတာ (ဒါမှမဟုတ်) ပညာသင်နေ တာဆိုရင် (ကိုဗစ်နဲ့ပတ်သက်တဲ့) အဲဒီ အစီအမံတွေမပါဘဲ ပြန်လာနိုင်မှာ မဟုတ်ဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။

လတ်တလော အနေအထားတွင် ဟောင်ကောင်မှ တရုတ်ပြည်မကြီးသို့ ခရီးသွားသူများသည် အနည်းဆုံး ၁၄ ရက် သီးသန့်ခွဲ ခြား နေထိုင်ရမည် ဖြစ်သည်။ တရုတ်ပြည်မကြီးမှ ဟောင်ကောင်သို့ လာရောက်သူများအနေဖြင့် ပြည်မကြီးရှိ ကူးစက်ရောဂါ အန္တရာယ်များသော ဒေသသို့ သွားရောက်ထားခြင်း မရှိပါက သီးသန့်နေထိုင်ရန် မလိုဘဲ ဟောင်ကောင်အတွင်းသို့ ဝင်ရောက် နိုင်မည်ဖြစ်သည်။

ပုံ-ဟောင်ကောင်နိုင်ငံသားများကိုတွေ့ရစဉ်။

ဟောင်ကောင် ရွေးကောက်ပွဲများသည် ဘေဂျင်းကို သစ္စာခံသူများသာလျှင် အုပ်ချုပ်ခွင့်ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ပြန်လည် ပြင်ဆင်ထားသော ဥပဒေအောက်ရှိ ပထမဆုံး ဥပဒေပြု ရွေးကောက်ပွဲများဖြစ်သည်။ တိုက်ရိုက် ရွေးကောက်တင်မြှောက် ထားသည့် အမတ်နေရာ အရေအတွက်ကို လျှော့ချထားပြီး ကျန်ရှိသည့် အမတ်နေရာ အများအပြားကို ဘေဂျင်းလိုလားသော ကော်မတီက ရွေးချယ်မည်ဟု သိရသည်။

ပြည်မကြီးတွင် ရောက်ရှိနေသော ဟောင်ကောင်သားများသည် ဘေဂျင်းလိုလားသော အမတ်လောင်းများကို‌ ထောက်ခံရန် အလားအလာ ပိုများသည်ဟု ယူဆကြသည်။ ဟောင်ကောင် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ပြီး နောက် ယခုနှစ် မဲဆန္ဒရှင်နည်းပါးမည်ဟု မျှော်လင့်ထားကြရာမှ ယခု အစီအမံသစ်ဖြင့် မဲဆန္ဒရှင်ဦးရေ တိုးလာနိုင်စရာ အကြောင်းရှိနေသည်။

အစီအမံသစ်ဖြင့် ဖွင့်လှစ်သွားမည့် အထူးမဲရုံများတွင် မဲပေးလိုသူများသည် အချိန်မီ စာရင်းပေးသွင်းရမည်ဟု ကယ်ရီလမ်က ပြောကြားခဲ့သည်။

“မဲပေးမှုလုပ်ငန်းစဉ် တစ်ခုလုံးကို အလုံပိတ်စနစ် (‌closed loop) နဲ့ သွားမယ်။ ဒါကြောင့် ဒီအထူးမဲရုံကိုလာတဲ့ မဲဆန္ဒရှင်တွေ ဟာ မဲရုံဧရိယာကနေ တခြားရပ်ရွာထဲကို မသွားနိုင်အောင်ပေါ့” ဟု ၎င်းက ရှင်းပြသည်။

သီးခြားအနေဖြင့် Covid-19 ဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်သော ပြည်မကြီးမှ ကိုယ်စားလှယ်အဖွဲ့သည် ဟောင်ကောင် နယ်စပ်တွင် အထူးမဲရုံများ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ရန် ဟောင်ကောင်မြို့သို့ လေးရက်ကြာ လာရောက်ခဲ့ကြောင်း ကယ်ရီလမ် က ဖြည့်စွက်ပြောကြားခဲ့သည်။

Source: AP