CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အမေရိကန်၊ ရုရှား နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော် မိုး တက်ရောက် ဆွေးနွေးနေကြောင်း တွေ့ရသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့က ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တက်ရောက်နေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ကို တွေ့ရစဉ်

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အောက်တိုဘာ ၁၁ ရက်နေ့က ကျင်းပနေပြီး အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့လ်တို့လည်း တက်ရောက် ဆွေးနွေး လျက်ရှိသည်။

အဆိုပါ အစည်းအဝေးတွင် နစကမှ ကိုယ်စားလှယ် ဦးအောင်ကျော်မိုးသည် မြန်မာကိုယ်စားလှယ် အနေဖြင့် တက်ရောက် ဆွေးနွေးနေခြင်း ဖြစ်သည်။