CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၉

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ပြုလုပ်နေသည့် အာဆီယံထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးသို့ မြန်မာနိုင်ငံ ကိုယ်စား နစက၏ ကိုယ်စားလှယ် ဦးအောင်ကျော်မိုး တက်ရောက်နေကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့က အာဆီယံထိပ်သီး အစည်းအဝေးမှာ ဦးအောင်ကျော်မိုး တက်ရောက်နေစဉ်

အာဆီယံထိပ်သီး အစည်းအဝေးကို လာအိုနိုင်ငံမှာ အောက်တိုဘာ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ပြုလုပ်နေ ပြီး နစကမှ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးက မြန်မာကိုယ်စား တက်ရောက်နေ သည်။

နိုင်ငံတကာမှ နိုင်ငံရေးအကဲခတ်များကတော့ လက်ရှိ ကျင်းပနေသော အာဆီယံထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးသည် မြန်မာ့အရေးနှင့် တောင်တရုတ်ပင်လယ်အရေးအတွက် စမ်းသပ်ချက်ဖြစ်နိုင်ကြောင်း သုံးသပ်လျက်ရှိနေကြသည်။