CNI International News

ဆန်တီယာဂို၊ နိုဝင်ဘာ ၂၂

တချိန်က ချီလီနိုင်ငံရေးလောကတွင် ဆန့်ကျင်ဘက် ရပ်တည်လျက် အစွန်းရောက်ခဲ့သူ နှစ်ဦးသည် နိုဝင်ဘာ ၂၁ ရက်က ချီလီ သမ္မတရွေးကောက်ပွဲတွင် တကျော့ပြန်ဆုံစည်းခဲ့ကြောင်း အေပီသတင်းက ဖော်ပြသည်။

အဆိုပါ သမ္မတရွေးကောက်ပွဲတွင် မဲအများဆုံး ရခဲ့ကြသော်လည်း အပြတ်အသတ် အနိုင်ရရန်အတွက် လုံလောက်သော ထောက်ခံမှု မရရှိခဲ့ဘဲ ဒေသတွင်း အတိုးတက်ဆုံး စီးပွားရေးကဏ္ဍ၌ ၎င်းတို့၏ ယခင်ကတည်းက ကွဲပြားနေမှုကို တကျော့ပြန် ဖြစ်ပေါ်စေခဲ့သည်

ချီလီစစ်အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့ဖူးသော နောက်ခံ သမိုင်းကြောင်းရှိသူ ဥပဒေပြုအမတ် ဂျိုစီအန်တိုနီယိုကတ်သည် ကျောင်းသား သပိတ်ခေါင်းဆောင်ဟောင်း ဂါဘရီယယ်ဘောရစ်နှင့် နှိုင်းယှဉ်လျှင် မဲ ၂၈ ရာခိုင်နှုန်းဖြင့် အသာစီးရနေခဲ့သည်။

အောင်ပွဲခံ မိန့်ခွန်းထဲ၌ အန်တိုနီယိုကတ်က ၎င်း၏ လက်ယာစွန်းဟူသော နှစ်ဆတိုးပြောကြားခဲ့ပြီး လာမည့် ဒီဇင်ဘာ ၁၉ ရက်၌ တကျော့ပြန် “ကွန်မြူနစ်နှင့်လွတ်လပ်မှု”အကြား ရွေးချယ်မှုတစ်ခုကို ဘောင်ခတ်ထားမည်ဖြစ်ကြောင်း ကြုံးဝါးခဲ့ သည်။

အကြမ်းဖက်သမားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် ချီလီကွန်မြူနစ်ပါတီ၏ ရုပ်သေးရုပ်အဖြစ် ဘောရစ်အား အန်တိုနီယို ကတ်က ရှုတ်ချခဲ့ပြီး မကြာသေးမီက ဆန္ဒပြမှုများကြောင့် မတည်မငြိမ်ဖြစ်နေသော နိုင်ငံတစ်နိုင်ငံအတွက် ဘောရစ်၏ စည်းရုံး မှုများကို ပြစ်တင်ဝေဖန်ခဲ့သည်။

ပုံ- ဂျိုစီအန်တိုနီယိုကတ်ကို တွေ့ရစဉ်။(AP)

“ဗင်နီဇွဲလားနဲ့ ကျူးဘားတို့ရဲ့ လမ်းကြောင်းပေါ် ကျနော်တို့ မသွားချင်ပါဘူး” ဟု ချီလီအလံ ပတ်ထားသော စကားပြော ခုံပေါ် မှနေ၍ အန်တိုနီယိုကတ်က မြို့တော်ရှိ ၎င်းအား ထောက်ခံသူများကို ပြောကြားခဲ့သည်။

“အကြမ်းဖက်မှုတွေနဲ့ ကပ်ရောဂါဆိုးတွေကြောင့် ရက်စက်ကြမ်းကြုတ်မှုတွေ ရပ်တန့်ပြီး ကျနော်တို့ ရည်မှန်းထားတဲ့ ဖွံ့ဖြိုး ပြီး နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေချင်တယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဉီးသည် ပြတ်သားသည့် ဆန့်ကျင်ဘက် နိုင်ငံရေးသမားများ ဖြစ်ကြသော်လည်း ဘောရစ်ကတော့ အန်တိုနီယိုကတ် ကို နာမည်တပ်၍ တိုက်ခိုက်ပြောကြားခဲ့ခြင်းမှ ရှောင်ရှားခဲ့ပြီး မဲရလဒ်များကို နှိမ့်ချစွာ လက်ခံခဲ့သည်။ ထို့နောက် အခြား ကိုယ်စားလှယ်လောင်းများကိုလည်း မဲပေးမှုများ သံသယစကား ထွက်ပေါ်နေခြင်းအား သေချာစွာ နားထောင်ကြရန်နှင့် ၎င်း ကို ထောက်ခံသူများအား စည်းရုံးသွားကြရန် တိုက်တွန်းခဲ့သည်။

“ကျနော်တို့ရဲ့ မျက်မှောက်ကာလ ခရူးဆိတ်စစ်ပွဲဟာ အကြောက်တရားကို အနိုင်ယူဖို့ မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်” ဟု ကြီးမားကျယ်ပြန့်သော ချီလီနိုင်ငံ၊ ပါတာဂိုနီးယားဒေသ၏ တောင်ဘက်စွန်းရှိ ၎င်း၏မွေးရပ်ဇာတိမြို့မှ ထောက်ခံသူများကို ဘောရစ်က မိန့်ခွန်းပြောကြားခဲ့သည်။

ပုံ-ချီလီပြည်သူများကို တွေ့ရစဉ်။(AP)

“ဒီကနေ့ ကျနော်တို့ တာဝန်ကတော့ ပိုပြီး တရားမျှတတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်အောင် အကောင်းဆုံး လမ်းခင်းပေး ပြီးတော့ တခြားသူတွေကိုလည်း ဆွဲဆောင်သွားဖို့ဖြစ်ပါတယ်” ဟု ဘောရစ်က ပြောကြားခဲ့သည်။

ချီလီနိုင်ငံ၏ ရွေးကောက်ပွဲစနစ်တွင် ကိုယ်စားလှယ်လောင်းတစ်ဦးက မဲ ၅၀ ရာခိုင်နှုန်းဖြင့် အများစု မရပါက ထိပ်တန်း ရောက်နေသူ နှစ်ဦးနှင့် နောက်တစ်ကြိမ် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။

အသက် ၃၅ နှစ်ရှိ ဘောရစ်သည် ချီလီနိုင်ငံ၏ အသက်အငယ်ဆုံး ခေတ်သစ်သမ္မတ ဖြစ်လာမည်ဖြစ်သည်။

ဘောရစ်သည် အရည်အသွေး မြင့်မားသောပညာရေး ဖြစ်ထွန်းလာစေရန် ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်၌ ကွန်ဂရက်လွှတ်တော်က ရွေးချယ်ခဲ့သော ကျောင်းသားတက်ကြွ လှုပ်ရှားသူများထဲတွင် ပါဝင်ခဲ့သည်။

၎င်းသည် ယခု ရွေးကောက်ပွဲတွင် အနိုင်ရပါက လူမှုဝန်ဆောင်မှု တိုးချဲ့ပေးရေးနှင့် သဘာဝပတ်ဝန်းကျင် မြှင့်တင်ရေးတို့ အတွက် “အလွန်အမင်း ချမ်းသာနေသူများ”အပေါ် အခွန်တိုးမြှင့်ကောက်ခံမည်ဟု ပြောကြားထားသည်။

Source: AP