CNI International News

နယူးယောက်၊ စက်တင်ဘာ ၂၄

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) က သမ္မတရွေးကောက်ပွဲတွင် ၎င်းနှင့် ယှဉ်ပြိုင်ရ မည့် ပြိုင်ဘက်ဖြစ်သူ ကာမယ်လာ ဟားရစ် (Kamala Harris) သည် တတိယကမ္ဘာစစ်ကို တားဆီးနိုင်စွမ်းရှိမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

"ကမ္ဘာကြီးက အခုချိန်မှာ အရမ်းအန္တရာယ်များတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါပြီ။ ကာမယ်လာဟားရစ်ဟာ အရိုးရှင်း ဆုံး မေးခွန်းတွေကိုတောင် မဖြေနိုင်ပါဘူး။ ဒါက တော်တော်ဆိုးပါတယ်။ သူသာ မစွမ်းဆောင်နိုင်ဘူးဆိုရင် တတိယကမ္ဘာစစ်ကို သူဘယ်လို တားဆီးနိုင်ပါ့မလဲ။ အဖြေကတော့ ရှင်းပါတယ်။ သူမတားဆီးနိုင်လို့ပါပဲ" ဟု ထရမ့်က ၎င်း၏ Truth Social လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

အစောပိုင်းကလည်း ထရမ့်က အမေရိကန်သည် ဒီမိုကရက်တစ်အစိုးရ လက်အောက်တွင် တတိယကမ္ဘာစစ်ဆီသို့ ဦးတည်လိမ့်မည်ဟု သတိပေးခဲ့ဖူးသည်။

ဟားရစ်ကို တွေ့ရစဉ်

အမေရိကန်တွင် နိုဝင်ဘာ ၅ ရက်၌ သမ္မတရွေးကောက်ပွဲကို ပြုလုပ်မည်ဖြစ်ပြီး လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် အစောပိုင်းက ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့သည်။

သို့သော် ၎င်း၏ စွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် ဇွန်လအတွင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှုမှ နုတ်ထွက် ခဲ့ကာ ၎င်းနေရာတွင် ဒုတိယသမ္မတဖြစ်သူ ဟားရစ်ကို အစားထိုးယှဉ်ပြိုင်ရန် ထောက်ခံခဲ့သည်။ 

သြဂုတ်လတွင်မူ ဒီမိုကရက်တစ်ပါတီက ဟားရစ်ကို ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် တရားဝင် ရွေးချယ်ခဲ့သည်။

Source: တာ့စ်