CNI International News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၁

ဆူဒန်နိုင်ငံတွင် အာဏာသိမ်းစစ်တပ် ခေါင်းဆောင်နှင့် နိုင်ငံရေးသဘောတူညီချက် ရယူကာ လက်မှတ်ရေးထိုးပြီးနောက် အာဏာသိမ်းခံရစဉ် ဖမ်းဆီးခံခဲ့ရသည့် ဝန်ကြီးချုပ်ဖြစ်သူ ဟမ်ဒေါ့(Abdalla Hamdok)ကို မူလရာထူးတာ၀န်ကို ပြန်လည် ခန့်အပ်လိုက်ကြောင်း အယ်ဂျာဇီးယားသတင်းဌာနက ယနေ့ (နိုဝင်ဘာ ၂၁ ရက်)တွင် ဖော်ပြထားသည်။

ဆူဒန်၏ ထိပ်တန်း ဗိုလ်ချုပ်ကြီး Abdel Fattah al-Burhan သည် စစ်အာဏာသိမ်းပြီး တစ်လနီးပါးအကြာတွင် အရပ်သား အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းမှု ပြန်လည်လုပ်ဆောင်ရန်အတွက် ဟမ်ဒေါ့(Abdalla Hamdok)နှင့်  နိုင်ငံရေး သဘောတူ ညီချက် တစ်ခု ရယူကာ လက်မှတ်ရေးထိုးခဲ့သည်။

ပုံ-ဆူဒန်စစ်တပ်အကြီးအကဲနှင့် ဆူဒန်၀န်ကြီးချုပ် ဟမ်ဒေါ့ကိုတွေ့ရစဉ်

ဆူဒန်နိုင်ငံ Khartoum ရှိ သမ္မတအိမ်တော်တွင် လက်မှတ်ရေးထိုးခဲ့သော အချက် ၁၄ ချက်ပါ သဘောတူညီချက်သည် Hamdok ကို ၀န်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်ခြင်းနှင့် အရပ်သားခေါင်းဆောင်များကို လွှတ်ပေးခြင်းတို့ ပါဝင်ကြောင်း အယ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြထားသည်။