CNI News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၀

NLD အမတ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် ၄၈ ဦးအား ဖမ်းဆီးခံရပြီးနောက် ဉီးဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ လက်နက်မျိုးစုံ ၁၀၀ ကျော်နှင့် လက်နက်ခယမ်းများ သိမ်းဆည်းရမိသည်ဟု နစက-က ယနေ့ (နိုဝင်ဘာ ၂၀ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် နိုဝင်ဘာ ၁၂ ရက်မှစ၍ ဖမ်းဆီးရမိ တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် အပါ အဝင် ကျာား ၄၁ ဦး၊ မ ၇ ဦး ပေါင်း ၄၈ ဦးတို့အား လက်နက်မျိုးစုံ ၁၂၇ လက်၊ လက်လုပ်ပစ္စတို ၁၂၈ လက်၊ ကျည် အိမ်မျိုးစုံ ၂၇၆ ခု၊ ကျည်မျိုးစုံ ၁၆၀၅၇ တောင့်၊ ၄၀ မမ ဗုံးသီး ၄၃ လုံး၊ လက်လုပ်ဗုံး ၁၁ လုံး၊ ရီမုဒ်မိုင်း ၄ လုံး၊ ရှေ့ထွက်မိုင်း ၁၀ လုံး၊ မီးခိုးဗုံး ၅ လုံး၊ ရှို့ပစ် ၂ လုံး၊ လက်ပစ် ဗုံး ၁၈ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁၅ လုံး၊ လက်လုပ်ဗုံး ၁၃၈ လုံး၊ လက်လုပ်ဗုံး(အကြီး)၃ လုံး၊ မီးရှို့လက်လုပ်ဗုံး ၃၉ လုံး၊ ယမ်းပြင်း ၂၅ ထုပ်၊ လက်လုပ်ယမ်း ၄၃ ထုပ်၊ ယမ်းကြိုး(၁၀၀ ပေ) ၁ ခွေတို့ကို ဖမ်းဆီး ရမိခဲ့သည်ဟု ဖော်ပြထား သည်။

ပုံ-ဦးဖြိုးဇေယျာသော် ဖမ်းဆီးခံရသည့် ရတနာနှင်းဆီအိမ်ယာ

ထို့နောက် ဒီတိုနေတာ ၈၀၀ ချောင်း၊ TNT ယမ်း (ဝ.၂၅)ပေါင် ၁၅၃ တောင့်၊ TNT ယမ်း(၁ ပေါင်) ၁၀ တောင့်၊ C4 ယမ်း(၁.၂၅)ပေါင် ၉ တောင့်၊ Transistor ၁၄ ဗူး၊ ဖုန်း(ကီးပတ်) ၁၆ လုံး၊ နာရီ ၇ လုံး၊ လမ်းလျောက်စကား ပြော စက် ၄ လုံး၊ ဆက်သွယ်ရေးအထိုင်စက် ၁ လုံး၊ ၂.၅ လက်မသံ ၅ ပိဿာ၊ မှန်ပြောင်း ၂ ခု၊ ဂြိုလ်တုဖုန်း ၁၃ လုံး၊ Laptop ၂ လုံး၊ Hard Disk ၁ ခု၊ ATM ကတ်များ၊ နိုင်ငံကူးလက် မှတ် စာအုပ် ၁ အုပ်၊ လုပ်ကြံသတ်ဖြတ်မည့် မှတ် တမ်း စာအုပ်၊ ရန်ကုန်မြို့တွင်း ဖောက်ခွဲရေးလုပ်မည့် မှတ်တမ်းစာအုပ် စသည့် ဆက်စပ် ပစ္စည်းများကိုလည်း သိမ်းဆည်းရမိကြောင်း နစက၏ ထုတ်ပြန်ချက်မှာဖော်ပြထားသည်။

ဦးဖြိုးဇေယျာသော်ကို နိုဝင်ဘာ ၁၈ ရက် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာနှင်းဆီအိမ်ယာမှာ ဖမ်းဆီးရမိခဲ့ပြီး ကျန် ၄၇ ဦးကိုမူ နိုဝင်ဘာ ၁၂ ရက်မှ ၁၇ ရက်အတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

ဦးဖြိုးဇေယျာသော်အား ဖမ်းဆီးရမိပြီးနောက် ထွက်ဆိုချက်အရ သင်္ဃန်းကျွန်းမြို့နယ် ၂၉ ရပ်ကွက်၊ သုခိတာလမ်း၊ အမှတ် ၆၇ နေအိမ်ကို ဝင်ရောက်ရှာဖွေစဉ် လက်နက်မျိုးစုံ ၅၀ လက်၊ လက်လုပ်မစ္စတို ၁၂၈ လက်၊ ကျည်အိမ်မျိုးစုံ ၁၃၀ ခု၊ ကျည်မျိုးစုံ ၈၅၆၀ တောင့်၊ ၄၀ မမဗုံးသီး ၂၆ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ လက်ပစ် ဗုံးမျိုးစုံ ၃၃ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၈၀ လုံး၊ TNT ယမ်းမျိုးစုံ ၁၆၃ တောင့်၊ C4 ယမ်း ၉ တောင့်၊ ဒီတိုနေတာ ၈၀၀ ချောင်း၊ ဂြိုလ်တုဖုန်း ၁၂ လုံးနှင့်ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်ဟု ထိုထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ပုံ-သိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းများ

အလားတူ သင်္ဃန်းမြို့နယ်၊ (ဇ)မြောက်ရပ်ကွက်၊ ပြည်သာယာလမ်းသွယ်(၂)၊ ငွေတိုက်စိုးခြံ၊ အမှတ် ၁၄၂ အား ဝင်ရောက်ရှာဖွေစဉ် လက်နက်မျိုးစုံ ၃၉ လက်၊ ကျည်အိမ်မျိုး စုံ ၇၆ ခု၊ ကျည်မျိုးစုံ ၅၂၀၀ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ သည်ဟု ဆိုသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ နေအိမ်/တိုက်ခန်း ငှားရမ်းနေထိုင်သူများ အနေဖြင့် အကြမ်းဖက်မှု ကျူးလွန် ကြောင်း ဖော်ထုတ်တွေ့ရှိပါက ငှားရမ်းသည့် ပိုင်ရှင်များအား တည်ဆဲဥပဒေအရ အရေးယူမည့်အပြင် နေအိမ်/တိုက်ခန်း များအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ သက်သေခံအဖြစ် ထိန်းသိမ်း၍ တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပိုင်ရှင်များကိုလည်း တည်ဆဲ ဥပဒေအရ အရေးယူမည်ဟုဆိုသည်။