CNI International News
ပဲရစ်၊ ဇူလိုင် ၁၃ 

တရုတ်သည် ပါကစ္စတန်နိုင်ငံထံမှ တရားမဝင် ရယူခဲ့သည့် ရှက်စ်ဂမ် (Shaksgam) တောင်ကြားကို အသုံးပြုပြီး တောင်အာရှ၏ ရှိရင်းစွဲ အခြေအနေကို တစ်ဖက်သတ် ပြောင်းလဲရန်ကြိုးပမ်းနေသည်ဟု institut-ega ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်ရှိ CRISIS24 အမည်ရှိ ကျွမ်းကျင်ပညာရှင်များ အဖွဲ့၏ သတင်းအချက်အလက် ညွှန်ကြားရေးမှူး အိုလီဗီယာ ဂီလာ့ဒ် (Olivier Guillard) က ၎င်း၏ အတွေးအမြင် ကို ရေးသားဖော်ပြခဲ့သည်။

၁၉၆၃ ခုနှစ် တရုတ်-ပါကစ္စတန် သဘောတူညီချက် (China-Pakistan Agreement 1963) အရ ပါကစ္စတန်သည် ရှက်စ်ဂမ်တောင်ကြားကို တရုတ်အား ၁၉၆၃ ခုနှစ်တွင် တရားမဝင် လက်ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

ထိုအချိန်က ပါကစ္စတန် စစ်ဗိုလ်ချုပ်ကြီး အာယွတ်ခန်း (Ayub Khan) သည် ပါကစ္စတန်က သိမ်းပိုက်ထားသည့် ကက်ရှ်မီးယားဒေသ (PoK) ၏ နယ်မြေအစိတ်အပိုင်းအချို့ကိုလည်း တရုတ်အား ပေးအပ်ခဲ့သည်။

တရုတ်-ပါကစ္စတန်- အိန္ဒိယ နယ်နိမိတ်ကိုတွေ့ရစဉ်

 

၎င်းတို့၏ သဘောတူညီချက်သည် တရုတ်၏ ရှင်ကျန်း (Xinjiang) ဒေသနှင့် PoK အကြား နယ်မြေသတ်မှတ်ချက် မျဉ်းတစ်ခု ရေးဆွဲထူထောင်ရန်ဖြစ်ပြီး တောင်စောင်းများနှင့် မြစ်များကို ချိတ်ဆက်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ 

သို့သော် ရှက်စ်ဂမ်တောင်ကြားတွင် ပါကစ္စတန်၏ သိမ်းပိုက်မှုအောက်၌ ရှိနေသည့် အိန္ဒိယ၏ နယ်နိမိတ်တစ်ခု ဖြစ်သဖြင့် တရုတ်၏ လုပ်ဆောင်မှုများသည် တရားမဝင်ကြောင်း ဂီလာ့ဒ်က ရေးသားခဲ့သည်။

ထိုနောက်ခံ ဇာတ်ကြောင်းများအရ တရုတ်သည် ရှက်စ်ဂမ်တောင်ကြားလမ်း ၃ လမ်းကို တရားမဝင် ဖောက်လုပ် ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်လကလည်း ထိုဒေသတွင် ဆောက်လုပ်ရေးစခန်းအ သစ်များကို တည်ဆောက်ခဲ့သည်။

ထို့ကြောင့် ရှက်စ်ဂမ်တောင်ကြားတွင် တရုတ်၏ တရားမဝင် ဆောက်လုပ်မှုများသည် တောင်အာရှဒေသ၏ ရှိရင်းစွဲ အခြေအနေကို တစ်ဖက်သတ် ပြောင်းလဲရန်ဖြစ်ပြီး နိုင်ငံတကာဥပဒေများနှင့် သဘောတူညီမှုများကို လျစ်လျူရှုရာ ရောက်နေကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ထို့ကြောင့် ဘူတန်၊ နီပေါနှင့် အိန္ဒိယကဲ့သို့ တောင်အာရှနိုင်ငံများက တရုတ်၏ လှုပ်ရှားမှုများကို ဝေဖန်ခဲ့ကြပြီး အထူးသဖြင့် အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယအကြား အချုပ်အခြာ အာဏာပိုင်မှုဆိုင်ရာ အငြင်းပွားမှုများကို ပိုမိုမြင့်တက်စေခဲ့သည်။

Source: Institut-ega