CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၉

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ချင်းမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများမှ ရေဘေးသင့် ပြည်သူလူထုများကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ဆန်အိတ်များနှင့် ဆီပုံးများကို ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၉ ရက်နေ့က လိုက်လံလှူဒါန်းခဲ့ကြောင်း သိရသည်။

SNA သည် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရေဘေးသင့် ကျေးရွာပေါင်း ၁၀၀ မှ ပြည်သူလူထုအတွက် ဆန်အိတ် ၁၀၀၀ နှင့် ဆီပုံး ၅၀၀ ခန့်ကို သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ချင်းတွင်းမြစ်နှင့် ဥရုချောင်း  ရေကြီးရေလျှံမှုများ ဖြစ်နေသည့် အတွက် ဟုမ္မလင်းမြို့နယ်နှင့် ခန္တီးမြို့နယ်များရှိ ပြည်သူများသည် ရေဘေးဒုက္ခကြုံတွေ့နေကြရသည်။