CNI International News

ဘန်ကောက်၊ ဇွန်လ ၁၈

ထိုင်းနိုင်ငံ၏ ဖြူးထိုင်းပါတီ ဦးဆောင်သည့် အစိုးရအဖွဲ့သည် လာမည့် အောက်တိုဘာလတွင် ရုရှားနိုင်ငံ၊ ကာဇန် (Kazan) မြို့၌ ကျင်းပမည့် BRICS ညီလာခံတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ခွင့်ရလိမ့်မည်ဟု ယုံကြည်ထားကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာ (Maris Sangiampongsa)သည် ဇွန်လ ၁၁ ရက်က ရုရှားနိုင်ငံ၊ နစ်ဇနီ နော့ဗ်ဂိုရော့ (Nizhny Novgorod) မြို့တွင် ပြုလုပ်ခဲ့သည့် BRICS ဝန်ကြီးအဆင့် ကောင်စီအစည်းအဝေး ကို ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့သည်။

ထိုအစည်းအဝေးတွင် BRICS အဖွဲ့သည် အဖွဲ့ဝင်နိုင်ငံ အသစ်များအတွက် ရည်ညွှန်းချက်များနှင့် ဖြစ်နိုင်ခြေရှိ သည့် အချက်အလက်များကို မူကြမ်းရေးဆွဲနေကြောင်း တွေ့ရှိခဲ့ရသည်ဟု မာရစ်က ပြောသည်။

ထိုင်းနိုင်ငံသည် BIRCS အဖွဲ့ဝင်သစ်အဖြစ် လျှောက်ထားခဲ့ပြီးဖြစ်သော်လည်း မကြာမီ အချိန်အတွင်း အဖွဲ့ဝင်သစ် အဖြစ် သတ်မှတ်ခံရနိုင်ခြေ ရှိ/မရှိကို သေချာစွာ မသိရးသေးပေ။

လောလောဆယ်တွင် BRICS အဖွဲ့ဝင်ဖြစ်ရန် စောင့်ဆိုင်းနေသည့် နိုင်ငံပေါင်း ၃၀ ထက်မနည်းရှိပြီး ထိုင်းသည် အရှေ့တောင်အာရှတွင် BRICS အဖွဲ့ဝင်အဖြစ် လျှောက်ထားသည့် ပထမဆုံးနိုင်ငံဖြစ်သည်။

BRICS အစည်းအဝေး တက်ရောက်ခဲ့သော နိုင်ငံခြားရေးဝန်ကြီးများကို တွေ့ရစဉ်

အင်ဒိုနီးရှားနိုင်ငံကလည်း BRICS အဖွဲ့ကို ဝင်ရောက်ရန် ဆန္ဒရှိကြောင်း အစောပိုင်းက ထုတ်ဖော်ပြောဆိုခဲ့ သော်လည်း နောက်ပိုင်းတွင် သဘောထားကို ပြောင်းလဲပြီး အဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့ခြင်းမရှိပေ။

နစ်ဇနီ နော့ဗ်ဂိုရော့မြို့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ BRICS အဖွဲ့သည် ပထဝီနိုင်ငံရေး စိန်ခေါ်မှုများမှ ထွက်ပေါ်လာသော ရလဒ်များကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လုပ်ဆောင်နေသည့် အဓိက မောင်းနှင်အား တစ်ခုဖြစ်ကြောင်း မာရစ်က ပြောသည်။

ပြောင်းလဲတိုးတက်လာသည့် ကမ္ဘာ့အခင်းအကျင်းကို ခိုင်မာသော နိုင်ငံပေါင်းစုံ ပါဝင်ရေးမူဝါဒ၏ ကတိကဝတ် များက ကျောထောက်နောက်ခံ ပြုထားသည့် အခြေအနေကို ထိုင်းက ထောက်ခံကြောင်းလည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။

BRICS အဖွဲ့ဝင် ဖြစ်လာခဲ့မည်ဆိုပါက ထိုင်းသည် နယ်ပယ်ဒေသများအနှံ့ ချိတ်ဆက်မှုများနှင့် ပူးပါင်းဆောင်ရွက်မှု များအတွက် ပေါင်းကူးတံတားများ တည်ဆောက် ပေးနိုင်ကြောင်းလည်း မာရစ်က ပြောကြားခဲ့သည်။

Source: ရိုက်တာ