CNI News

စရင်နဂါ (အိန္ဒိယ) ဇူလိုင် ၁၈

အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသ၌ အစ္စလာမ္မစ်အီဒင်အလ်ဒါအက်ဒါ အားလပ်ရက်ကာလအတွင်း တိရစ္ဆာန်ဖြင့် ယဇ် ပူဇော်ခြင်းကို တားမြစ်မည်မဟုတ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောသည်ဟု အေပီသတင်းဌာနက ဇူလိုင် ၁၇ ရက်တွင် ရေးသားဖော်ပြသည်။

ယင်းနေ့မတိုင်မီက အိန္ဒိယဗဟိုအစိုးရက  နွားများ၊ ကုလားအုတ်များနှင့် အခြားတိရစ္ဆာန်များဖြင့် ယဇ်ပူဇော်ခြင်း ရပ်တန့် တားဆီးရန် ရဲများကို အမိန့်ပေးထားကြောင်း သတင်းများ ပေါ်ထွက်လာသဖြင့် “တားမြစ်သွားမည်မဟုတ်ကြောင်း” ဒေသ ဆိုင်ရာ အာဏာပိုင်များက ဖြေရှင်းကြေညာရခြင်း ဖြစ်သည်။

ထိုသတင်းအပေါ် “လွဲမှားစွာ နားလည်မှုရှိခဲ့ကြောင်း” အစိုးရအဆင့်မြင့် တာဝန်ရှိသူတစ်ဦး ဂျီအယ်လ်ရှားမားက အစောပိုင်း က ပြောကြားခဲ့ပြီး မိမိတို့ အစိုးရအနေဖြင့် တိရစ္ဆာန်များ သယ်ယူပို့ဆောင်ရေးအပိုင်းနှင့် မွတ်ဆလင်ဘာသာရေး ပွဲကာလ အတွင်း တိရစ္ဆာန်များအပေါ် မလိုလားအပ်သည့် ညှင်းပန်းခြင်းများကို ကာကွယ်သည့် အပိုင်းသာဖြစ်ကြောင်း ရှင်းလင်းခဲ့ သည်။

“ဒီစာကို တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ရဲ့ ဥပဒေတွေအရ enforcement အေဂျင်စီတွေဆီ ပေးပို့တာဖြစ်တယ်။ သတ်ဖြတ်တာနဲ့ ယဇ်ပူဇော်တာကို အဟန့်အတားပြုတာ မဟုတ်ပါဘူး” ဟု ရှားမားက ပြောကြောင်း ဒေသခံမီဒီယာဖြစ်သည့် Kashmir Wall သတင်း portral ကို ကိုးကားလျက် အေပီက သတင်းရေးသားသည်။

မည်သို့ပင်ဆိုစေ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဥပဒေအရ နွား၊ နွားသူငယ်၊ ကုလားအုတ်နှင့် အခြားတိရစ္ဆာန်များကို တရားမဝင် သတ်ဖြတ်ခြင်းများ ရပ်တန့်ရန် အရပ်ဘက် အာဏာပိုင်များနှင့် ရဲများထံ ဗဟိုအစိုးရက ဆက်သွယ်ရေး လမ်း ကြောင်းမှ တစ်ဆင့်အကြောင်းကြားခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

အစိုးရအနေဖြင့် ခွဲခြားဆက်ဆံမှုများ ချက်ချင်းရုတ်သိမ်းရန်လည်း အမိန့်ပေးခဲ့ကြောင်း ခိုင်မာသည့် သတင်းရပ်ကွက်မှ သိရှိရ သည်။

ယခုနှစ် မွတ်ဆလင်ဘာသာရေးပွဲ အားလပ်ရက် ဇူလိုင် ၂၁ ရက်မှ ၂၃ ရက်အထိ ကက်ရှ်မီးယားဒေသတွင် သတ်မှတ်ထား သည်။

ကက်ရှ်မီးယားဒေသသည် ဟိမဝန္တာတောင်ခြေအနီးတွင် တည်ရှိသည့် သာယာစိုပြေသည့်ဒေသဖြစ်ပြီး ဗြိတိသျှတို့မှ အိန္ဒိယနှင့် ပါကစ္စတန်တို့ အသီးသီး လွတ်လပ်ရေးယူပြီးနောက် နယ်မြေအငြင်းပွားမှုနှင့် မသင့်မြတ်မှုရှိနေသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ အိန္ဒိယဘက်မှ ထိန်းချုပ်ထားသော နယ်မြေကို ဂျမူးကက်ရှ်မီးယားဟု ခေါ်တွင်သည်။

Source: apnews.com

#kashmir #ကက်ရှ်မီးယား #India #နွား #ပူဇော် #CNImyanmar #cninews