CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၄

နေပြည်တော်လေဆိပ်နှင့် ဇေယျာသီရိမြို့နယ် ဝန်းကျင်သို့ ပျံသန်း ဝင်ရောက်လာသော ဒရုန်းများကို ပစ်ချခဲ့ သည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ၂၀၂၄ ခုနှစ်၊ ဧပြီ ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

တော်လှန်ရေးတပ်ဖွဲ့များက နေပြည်တော်စစ်ရုံးချုပ်ကို ကာမီကာဇေဒရုန်း ၁၆ စီးဖြင့်လည်းကောင်း၊ အေလာ လေတပ် (နေပြည်တော်လေဆိပ်)ကို ဒရုန်း ၁၃ စီးဖြင့်လည်းကောင်း ဧပြီ ၄ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်ခဲ့သည်။

PDF Insight က “ လက်ရှိမှာ စစ်ရုံးချုပ်တစ်ခုလုံး အဆက်အသွယ်လိုင်းတွေ ပြတ်နေတာကြောင့် ထိခိုက်မှု အခြေအနေ မသိရသေးပေမယ့် အေလာတပ်နေရာ မီးလောင်နေတာကိုတော့ တွေ့မြင်ရတယ်”ဟု ထုတ်ပြန်ခဲ့ သည်။

 နစကသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ ၂၀၂၄ ခုနှစ်၊ ဧပြီ ၄ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် လေဆိပ်၏ အရှေ့ဘက်မှ ဒရုန်း ၄ စင်းပျံသန်းလာရာ လေဆိပ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက အောင်မြင်စွာ ပစ်ချဖျက်ဆီးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

နေပြည်တော်လေဆိပ် လေယာဉ်ပြေးလမ်းမှာ ဒရုန်းတစ်စင်း ပစ်ချခံထားရစဉ်

ထို့နောက် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၏ အရှေ့တော်ငဘက်မှ ဒရုန်း ၃ စင်း ပျံသန်းဝင်ရောက်လာမှု အား လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချဖျက်ဆီးခဲ့သည်ဟု နစက-က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်များတွင် လူ၊ အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံ ရေးဆိုင်ရာကိစ္စများ ဆက်လက်ဆောင်ရွက်နေကြောင်း နစက-က ပြောသည်။

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် စစ်ရုံးချုပ်တည်ရှိသည်။

နေပြည်တော်လေဆိပ်ကို ဒရုန်းတစ်စင်း ဗုံးသီးများသယ်၍ တိုက်ခိုက်လာခဲ့ပြီး လေယာဉ်ပြေးလမ်းပေါ်မှာ ကျရောက်ပျက်စီးသွားသည်ဟု နေပြည်တော်မှ သတင်းရင်းမြစ်များက ပြောသည်။