CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၄

မြန်မာနိုင်ငံ၏ မြို့တော်လည်းဖြစ် တပ်မတော်၏ စစ်ရုံးချုပ်များတည်ရှိရာ နေပြည်တော်ရှိ အေလာလေယာဉ် ကွင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း နေပြည်တော်ရှိ သတင်းရင်းမြစ် များထံမှ သိရသည်။

ဧပြီ ၄ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် စစ်ရုံးချုပ်နှင့် အေလာ လေတပ်နေရာများကို ကာမီကာဇေ Drone (ဒရုန်း)များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ နေပြည်တော် စစ်ရုံးချုပ်ကို ကာမီကာဇေဒရုန်း ၁၆ စီး၊ အေလာ လေတပ်ကို ၁၃ စီးဖြင့် တိုက်ခိုက်ခဲ့သည်ဟု PDF Insight က သတင်း ထုတ်ပြန်ခဲ့သည်။

နေပြည်တော်လေယာဉ်ကွင်း ပြေးလမ်းပေါ်မှာ ဒရုန်းတစ်စင်းကို တွေ့ရစဉ် (BBC)

နေပြည်တော်စစ်ရုံးချုပ် တိုက်ခိုက်ခံရခြင်း ဟုတ်၊မဟုတ်ကိုတော့ အတည်မပြုနိုင်သေးသော်လည်း နေပြည် တော် လေယာဉ်ကွင်း (အေလာလေယာဉ်ကွင်း)၏ လေယာဉ်ပြေးလမ်းပေါ်ကိုတော့ ဒရုန်းတစ်စီး တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး နစကသတင်းထုတ်ပြန်ရေးအဖွဲ့ကို မီဒီယာများက မေးမြန်းထားသော် လည်း ပြန်လည် ဖြေကြားခြင်းမရှိသေးပေ။