CNI News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၅

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ ရဲဘော်လေးဦးကို လုံခြုံရေးတပ်ဖွဲ့ဝင် များက နိုဝင်ဘာ ၂ ရက်က ခေါ်ဆောင်သွားပြီးနောက် ယနေ့ (နိုဝင်ဘာ ၅ ရက်)နံနက် ၉ နာရီက ပြန်လွှတ်ပေး လိုက်သည်ဟု ABSDF မှ ဗဟိုကော်မတီဝင် ရဲဘော်ဆန်နီက CNI သတင်းဌာနသို့ ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဖွင့်လှစ်ထားသည့် ABSDF ၏ ဆက်ဆံရေးရုံးတာဝန်ခံ ရဲဘော်ကိုအောင်ဘော်၊ ကိုတင်စိုး၊ ကိုကပ္ပလီ၊ ကိုခင်မောင်ဝင်းတို့ကို နိုဝင်ဘာ ၂ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မေးမြန်းစရာရှိသည် ဟုဆိုကာ ခေါ်ဆောင်သွားခဲ့သည်။

ရဲဘော်ဆန်နီက “ မနက် ၉ နာရီခွဲမှာ ရုံးကို ခေါ်သွားတဲ့ ရဲဘော်အကုန်လုံးကို ပြန်ပြီးတော့ ပို့ပေးတယ်လို့ ကြားရပါတယ်ဗျ။ ကျန်တဲ့အသေးစိတ်တွေကိုတော့ ဘာတွေ ပြောဆို ဆွေးနွေးခဲ့တယ်ဆိုတာတော့ မသိရသေး ပါဘူး။ အဓိကတော့ အဲရဲဘော်တွေပြန်လွတ်ပြီဆိုတဲ့ဟာကိုတော့ ရုံးကိုပြန်ပို့ပေးတယ်ဆိုတာတော့ မှန်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ABSDF ရဲဘော်များကို မိမိတို့ ခေါ်ယူ စစ်ဆေးရသည့် အကြောင်းအရာမှာ မြဝတီမြို့မှာ ရှိသည့် PDF နှင့် ဆက် စပ်နေသည်ဟု ကြားသိရခြင်းကြောင့်ဖြစ်ကြောင်း၊ မပတ်သက်ဘူးဟု သက်သေပြနိုင်ပါက တရားဥပဒေအ ရ ပြန်လွှတ်ပေးမှာဖြစ်သည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ABSDF သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက် လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။