CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈


ရှမ်းပြည်နယ်အတွင်းရှိ မိုးမိတ်နှင့် မဘိမ်းမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး နယ်မြေအဖြစ် သတ်မှတ်ကြောင်း နစက-က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။


အဆိုပါ မြို့နယ်များသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့်အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက စီမံအုပ်ချုပ်မည်ဖြစ်သည်။


စစ်အုပ်ချုပ်ရေး နယ်မြေ သတ်မှတ်လိုက်ခြင်းကြောင့် တိုင်းမှူးသည် မိုးမိတ်နှင့် မဘိမ်းမြို့နယ်အတွင်း၌ အုပ်ချုပ်ရေး၊ လုံခြုံရေးကိစ္စရပ်များ၊ လူမှုရေးကိစ္စရပ်များ၊ ကုန်သွယ်ရေးကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေးကိစ္စ ရပ်များကို စီမံခန့်ခွဲပိုင်ခွင့်ရှိသည်။


မိုးမိတ်နှင့် မဘိမ်းမြို့နယ်များတွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PDF)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ကြား တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားလျက်ရှိနေသည်။