CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၉

ယူကရိန်းတပ်ဖွဲ့များသည် အက်ဗ်ဒိဗ်ကာ (Avdeyevka) မြို့ကို စွန့်လွှတ်ခဲ့ရပြီးနောက် အမေရိကန်၏ ယူကရိန်း စစ်ရေးအကူအညီကို လွှတ်တော်က အတည်မပြုလျှင် ယူကရိန်းအနေဖြင့် နောက်ထပ်မြို့များ ထပ်မံဆုံးရှုံးရနိုင် သည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)က ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

ယူကရိန်းအနေဖြင့် အခြားမြို့များ မဆုံးရှုံးရစေရန် သေချာမှု ရှိ/မရှိ သတင်းထောက်များက ဘိုင်ဒန်ကို မေးမြန်းခဲ့ ချိန်တွင် ဘိုင်ဒန်က “မသေချာပါဘူး။ ဘယ်သူမှလည်း သေချာ မပြောနိုင်ပါဘူး။ ဒါတော်တော် အလျော်အစား ကြီးပါတယ်”ဟု ပြန်လည် ဖြေကြားခဲ့သည်။

ယူကရိန်းစစ်တပ်သည် လက်နက်ခဲယမ်းများ ပြတ်လပ်နေချိန်တွင် ယူကရိန်းအား အကူအညီပေးရန် ငြင်းဆိုမှု သည် ကျင့်ဝတ်နှင့်မညီဘဲ အဓိပ္ပာယ်မရှိကြောင်း ၎င်းက ပြောသည်။

ဆာဂျေရွိူင်ဂူနဲ့ ပူတင်ကို တွေ့ရစဉ်

“သူတို့ (ယူကရိန်း) လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေ ရရှိစေဖို့အတွက် ကျနော်ဆက်ပြီး ကြိုးပမ်းသွားမှာပါ”ဟု ဘိုင်ဒန်က ပြောကြားခဲ့ပြီး ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodimyr Zelensky) ကို နောက်ထပ် ရန်ပုံငွေများ ထောက်ပံ့မည့်အကြောင်း ကတိပေးထားသည်ဟု ပြောသည်။

အက်ဗ်ဒိဗ်ကာမြို့အား အပြည့်အဝ သိမ်းယူနိုင်ခဲ့ကြောင်း ရုရှားသမ္မတ ပူတင် (Vladimir Putin)အား အကြောင်း ကြားခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေရွိူင်ဂူ (Sergey Shoigu)က အကြောင်းကြားခဲ့သည်ဟု ပြော သည်။

ထိုမြို့သည် ဒွန်နက်စ် (Donetsk) မြို့အနီးတွင် တည်ရှိပြီး ယူကရိန်းစစ်တပ်၏ အခိုင်အမာ ခံတပ်ပြင် စခန်းချခဲ့ သည့် မြို့ဖြစ်ခဲ့သည်။

လက်ရှိတွင် ၃၁ ဒဿမ ၇၅ စတုရန်း ကီလိုမီတာ အကျယ်ရှိသည့် ထိုမြို့ကို ရုရှားတပ်များက လွတ်မြောက် နယ်မြေအဖြစ် သိမ်းယူနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း အက်ဗ်ဒိဗ်ကာမြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ရန်သူ ယူကရိန်းစစ်သားများ ၁၅၀၀ ကျော် သေဆုံးခဲ့ပြီး ထိုမြို့ကို ဒွန်နက်စ်မြို့ စစ်မြေပြင်မှ ခွဲထုတ်ကာ ထိန်းချုပ်နိုင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

Source: တာ့စ်