CNI International News
အီသီယိုးပီးယား၊ နိုဝင်ဘာ ၂

အီသီယိုးပီးယားနိုင်ငံ၏ ဝန်ကြီးများကောင်စီက နိုင်ငံတစ်ဝန်းကို အရေးပေါ် အခြေအနေ သတ်မှတ်ကြောင်း နိုင်ငံပိုင်မီဒီယာကနေ ကြေညာခဲ့သည်။

"အရေးပေါ်အခြေအနေသည် နိုင်ငံအနှံ့အပြားရှိ TPLF အကြမ်းဖက်အဖွဲ့မှ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများမှ အရပ်သားများကို ကာကွယ်ရန် ရည်ရွယ်သည်"ဟု Fana က အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

တီဂရာယန်ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(TPLF)ကို ရည်ညွှန်းသည်။

အိမ်နီးချင်း အမ်ဟာရာ(Amhara)ဒေသရှိ မဟာဗျူဟာကျသော ဒက်စီး(Dessie)မြို့ နှင့် ကွန်ဘိုချာ (Kombolcha) မြို့များကို မကြာသေးမီ ရက်ပိုင်းအတွင်းက မြောက်ပိုင်း တီဂရာယန်ဒေသမှ တိုက်ခိုက်ရေးသမားများက သိမ်းပိုက်ပြီးနောက် ယခုကဲ့သို့ လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

ပုံ-တီဂရာယန်ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(TPLF)

ဖက်ဒရယ်အစိုးရတပ်ဖွဲ့များကို တစ်နှစ်ကြာ တိုက်ခိုက်နေသည့် တီဂရာယန်တိုက်ခိုက်ရေးသမားများက မြို့တော် Addis Ababa မှ တောင်ဘက်သို့ ဆက်လက်ချီတက်နိုင်ကြောင်း ထောက်ပြလျက်ရှိသည်။

Addis Ababa မှ ကီလိုမီတာ 400 (မိုင် 250 ခန့်) အကွာရှိ အဓိက မြို့နှစ်မြို့ကို ထိန်းချုပ်ထားနိုင်ရေးအတွက် အစိုးရတပ်ဖွဲ့ဝင်များက တိုက်ပွဲဝင်နေကြကြောင်း အီသီယိုးပီးယားအစိုးရက ပြောကြားခဲ့သည်။

အီသီယိုးပီးယားနိုင်ငံမှာ ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြောင့် လူပေါင်း ထောင်နှင့်ချီ သေဆုံးပြီး လူပေါင်း ၂.၅ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

Source: AL JAZEERA

ဆက်စပ်သတင်းဖတ်ရန်---https://cnimyanmar.com/index.php/political/politics-local/1979-2021-10-31-06-38-31