CNI International News

နယူးယောက်၊ ဇန်နဝါရီ ၂၉

အမေရိကန်ပြည်ထောင်စုသည် လမ်းပျောက်နေကြောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့သည်။

ထိုသို့ဖြစ်ရခြင်းသည် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ မူဝါဒများကြောင့်ဖြစ်ကြောင်း ထောက်ပြ ပြောဆိုခဲ့သည်ဟု တာ့စ် သတင်းဌာနမှ ဖော်ပြခဲ့သည်။ 

"ကျနော်တို့နိုင်ငံဟာ လမ်းပျောက်နေပါတယ်။ ဒါပေမယ့် ဒီလိုစိုးရိမ်စရာကောင်းတဲ့ အခြေအနေကို ဆက်ဖြစ်ခွင့် ပေးမှာ မဟုတ်ပါဘူး" ဟု ထရမ့်က နီဗားဒါး (Nevada) ပြည်နယ်တွင် ၎င်း၏ ထောက်ခံသူများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့် ထောက်ခံသူများကို တွေ့ရစဉ်

ထို့ပြင် ဘိုင်ဒန်အစိုးရအဖွဲ့သည် မိမိတို့နိုင်ငံကို ဖျက်ဆီးနေကြောင်း၊ ဘိုင်ဒန်သည် ဒီမိုကရေစီအတွက် ခြိမ်းခြောက် မှုဖြစ်ကြောင်းနှင့် အရည်အချင်း မပြည့်မီသူဖြစ်ကြောင်းလည်း ထရမ့်က ပြောကြားခဲ့သည်။ 

ယခင်ကလည်း ဘိုင်ဒန်အစိုးရအဖွဲ့သည် ကိုယ့်နိုင်ငံကိုယ် မုန်းတီးနေသည့် အစိုးရအဖွဲ့ဖြစ်ကြောင်း ထရမ့်က စွပ်စွဲခဲ့ဖူးသည်။

Source: တာ့စ်