CNI International News

မနီလာ အောက်တိုဘာ ၂၇

လေ့လာသုံးသပ်သူများ၏အဆိုအရ ပြင်းထန်သည့် ပြည်တွင်းစစ် အလယ်ခေါင်တွင် ရောက်ရှိနေသော မြန်မာနိုင်ငံနှင့်အတူ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)က ရပ်တည်ပေးရန် ဖိလစ်ပိုင်နိုင်ငံ၊ သမ္မတ ဒူတာတေးက တောင်းဆိုလိုက် သည်။

ဖိလစ်ပိုင်နိုင်ငံ ပြည်တွင်းမီဒီယာတစ်ခုဖြစ်သည့် မနီလာဘူလက်တင် (Manila Bulletin) သတင်းဝက်ဘ်ဆိုက်၌ အောက်တိုဘာ ၂၆ ရက်၊ ညပိုင်းတွင် ရေးသားလွှင့်တင်ခဲ့သည်။

မလာကနင် (သမ္မတနန်းတော်)မှ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် “၃၉ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး အတွင်း အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းရာတွင် မြန်မာနိုင်ငံနှင့်အတူ အသင်းအနေဖြင့် ရပ်တည်သင့်ကြောင်း” ဒူတာတေးက ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

သက်ဆိုင်ရာ ပုဂ္ဂိုလ်များ အားလုံးသည် အပြုသဘော တွေ့ဆုံဆွေးနွေးကြရန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူး သံတမန် အနေဖြင့် အဆိုပါ သက်ဆိုင်ရာပုဂ္ဂိုလ် အားလုံးနှင့်တွေ့ဆုံနိုင်ရေး မြန်မာသို့ မဖြစ်မနေ သွားရောက် ခွင့်ပြုသင့် ကြောင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အလေးပေးတိုက်တွန်းခဲ့သည်။

ဖိလစ်ပိုင် သမ္မတ ဒူတာတေးသည် အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပနေသည့် အာဆီယံ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးမှာ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

Source: Manila Bulletin