CNI Internatonal News

ဟောင်ကောင်၊ နိုဝင်ဘာ ၁ 

ဟောင်ကောင်တွင် ပြုလုပ်မည့် ဒေသန္တရ ရွေးကောက်ပွဲအတွက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ သည် လွတ်လပ်ပြီး တရားမျှတမှုရှိကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီ (John Lee) က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။ 

ဟောင်ကောင်၏ အကြီးဆုံး ဒီမိုကရေစီလိုလားသည့် ပါတီဖြစ်သည့် ဒီမိုကရက်တစ်ပါတီသည် ဒီဇင်ဘာလတွင် ပြုလုပ်မည့် ခရိုင်ကောင်စီ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ပေ။

ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ လိုကင်ဟိုင် (Lo Kin-hei) ကမူ သူနှင့် သူ၏ပါတီဝင်များသည် လက်ရှိ ဟောင်ကောင် အာဏာပိုင်များ၏ ဥပဒေသစ်များအောက်တွင် ရွေးကောက်ပွဲ ဝင်ခွင့်ရရှိရန် မသေချာကြောင်း ပြောကြားခဲ့သည်။

ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ လိုကင်ဟိုင်ကို တွေ့ရစဉ်

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီကမူ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ အနေနှင့် ရွေးကောက်ပွဲ ဝင်ခွင့် စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန် တိုက်တွန်းခဲ့သည်။
 
"ဒါက သင်တို့အပေါ်မှာပဲ မူတည်ပါတယ်။ သင်တို့ မဲဆွယ်မယ့်လူတွေကို သင်တို့က ထောက်ခံဖို့ စည်းရုံးနိုင်ပါ တယ်" ဟု ဂျွန်လီက ပြောကြားခဲ့သည်။

ဟောင်ကောင်တွင် ပြုလုပ်မည့် ခရိုင်ကောင်စီ ရွေးကောက်ပွဲများသည် ပြည်သူများက ရွေးချယ် ခန့်အပ်သည့် နိုင်ငံရေး ကိုယ်စားလှယ်အဖွဲ့များ ဖြစ်သည်။

Source: အေပီ