CNI International News

တိုကျို၊ အောက်တိုဘာ ၁၂

ဂျပန်နိုင်ငံတွင် တပ်သားသစ်များ စုဆောင်းရန် အခက်တွေ့နေသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ဂျပန်သည် မကြာသေးမီ နှစ်များအတွင်း ၎င်း၏ ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်ခဲ့ပြီး ဒေသတွင်း၌ တရုတ်၏ အင်အား ကြီးထွားလာမှုနှင့် မြောက်ကိုရီးယား၏ မကြာခဏ ဒုံးကျည်စမ်းသပ်မှုတို့ကို စိုးရိမ်လျက်ရှိသည်။

သို့သော် ဇူလိုင်လက ကျွမ်းကျင်သူများအဖွဲ့ တစ်ဖွဲ့၏ အစီရင်ခံစာ တစ်ရပ်၌ ဝန်ထမ်းအင်အား နည်းပါးခြင်း ကြောင့် စစ်တပ်သည် အင်အားလျော့နည်း လာမည့်အပေါ် အလွန်အမင်း စိုးရိမ်မှုများရှိကြောင်း မီးမောင်း ထိုးပြ လျက်ရှိသည်။

တပ်သားသစ်စုဆောင်းမှု အရေအတွက်သည် တစ်နှစ်ထက် တစ်နှစ် အပြောင်းအလဲ ရှိခဲ့သော်လည်း ၁၉၉၀ ပြည့် နှစ်မှစတင်ကာ ဂျပန်စစ်တပ်၏ အင်အားသည် ၂၃၀,၀၀၀ အထိ လျော့ကျခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၇ ရာခိုင်နှုန်း ကျော် ကျဆင်းခဲ့သည်။

ဂျပန်လူမျိုးများကိုတွေ့ရစဉ်

၂၀၂၂ ခုနှစ်တွင် လူ ၄၀၀၀ အောက် စစ်တပ်အတွင်း ဝင်ရောက်ခဲ့သည်။ ထိုအရေအတွက်သည် မျှော်မှန်းထားသည့် ပမာဏ၏ ထက်ဝက်မျှပင် မရှိပေ။

နောက်ဆုံးအကြိမ် တပ်သားသစ် စုဆောင်းမှု အရေအတွက်အရ မျှော်မှန်းချက် ပြည့်မှီခဲ့သည်မှာ ၂၀၁၃ ခုနှစ်က ဖြစ်သည်။

စီးပွားရေးအင်အား ကောင်းမွန်သော နိုင်ငံအများအပြားတွင် တပ်သားသစ် လုံလောက်စွာ စုဆောင်းရာ၌ ပြဿနာ များရှိနေကြောင်း၊ အထူးသဖြင့် ဂျပန်နိုင်ငံတွင် လူ ၁၀ ဦး၌ တစ်ဦးသည် အသက် ၈၀ သို့မဟုတ် ၈၀ ကျော် အရွယ် ဖြစ်သည်။

သို့သော် အေအက်ဖ်ပီ သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားခဲ့သည့် လက်ရှိ တာဝန်ထမ်းဆောင်ဆဲ စစ်သားများ နှင့် စစ်မှုထမ်းဟောင်းများ၏ အဆိုအရ လူဦးရေ စာရင်းကိုသာ အပြစ်တင်ရမည် မဟုတ်ဟု ပြောကြားခဲ့သည်။

ဂျပန်လူမျိုးများကိုတွေ့ရစဉ်

"ရှက်ရှက်နဲ့ပဲ ဝန်ခံရမယ်ဆိုရင် ကျနော်ဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးဖြစ်ပေမယ့် ဒါက ကိုယ့်ကိုယ်ကို ဂုဏ်ယူတာမျိုး မဖြစ်ခဲ့ပါဘူး" ဟု စစ်မှုထမ်းဟောင်းများကို အလုပ်အကိုင်များ ရရှိစေရန် အကူအညီပေးသည့် လုပ်ငန်းတစ်ခု လုပ်ကိုင်နေသော လေထီးတပ်သားဟောင်း တစ်ဦးဖြစ်သည့် အသက် ၄၅ နှစ်အရွယ် ယူအိချီ ကီ မူရာ (Yuichi Kimura) က ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ် နောက်ပိုင်း စစ်တပ် မဖွဲ့စည်းရေး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကာကွယ်ရေးကဏ္ဍတွင် သီးသန့်နေရာက ပါဝင်ခဲ့သည့် ဂျပန်လက်နက်ကိုင် တပ်ဖွဲ့များအတွင်း လစာငွေနည်းပါးမှု၊ အဖွဲ့အစည်း၏ ရည်မှန်းချက် ပျောက်ရှမှုတို့ကြောင့် စိတ်ဓာတ်အင်အားများ လျော့ကျနေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်