CNI International News

ကာရာကက်စ်၊ အောက်တိုဘာ ၁၁

ယူကရိန်းကို ပေးပို့သည့် အနောက်နိုင်ငံများ၏ လက်နက်များသည် လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ လက်နက် မှောင်ခိုဈေးကွက်သို့ ရောက်ရှိလာခဲ့ကြောင်း ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Marudo) က ဝေဖန် ရှုတ်ချခဲ့ကြောင်း တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။

ထိုအခြေအနေကို အနောက်နိုင်ငံများက ဖြေရှင်းရန် ပျက်ကွက်ခဲ့သည်ဟု ၎င်းက ပြောသည်။

"အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက အစိုးရတွေဟာ ယူကရိန်းကို ဒေါ်လာဘီလျံချီ တန်ကြေးရှိတဲ့ လက်နက်တွေနဲ့ စစ်ပစ္စည်းတွေကို ထောက်ပံ့ခဲ့ပါတယ်။ အခုတော့ အဲဒီလက်နက်တွေဟာ မှောင်ခိုဈေးကွက်ထဲကို ရောက်ရှိနေတဲ့ အခြေအနေကို သူတို့ (အနောက်နိုင်ငံများ) က မျက်စိပိတ်၊ နားပိတ်နေကြပါတယ်" ဟု မာဒူရိုက ဗင်နီဇွဲလား နိုင်ငံ ပိုင် Venezolana de Television ရုပ်သံမှတဆင့် ပြောကြားခဲ့သည်။

ယူကရိန်းကို ထောက်ပံ့ခဲ့သည့် အနောက်နိုင်ငံများ၏ လက်နက်များသည် မှောင်ခိုဈေးကွက်အတွင်း ရောက်ရှိခဲ့ ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ (Maria Zakharova) ၏ ပြောကြားချက်နှင့်ပတ်သက်ပြီး မာဒူရိုက ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်

"ယူကရိန်းမှာ အလုံးစုံ အကျင့်ပျက်ခြစားမှုက ကြီးစားနေပါပြီ။ ဇာလန်းစကီး (Volodymyr Zelenskyy) သမ္မတ အဖြစ် စတင် ရုံးထိုင်ချိန်ကတည်းက လက်နက်မှောင်ခိုကူးမှု ပုံစံမျိုးစုံ ရှိခဲ့ပါတယ်။ ဒါဟာ နေတိုးက ယူကရိန်း အတွက် နောက်ထပ် စစ်ပွဲတစ်ခုကို ဆောင်ကြဉ်းပေးခဲ့တာ ဖြစ်ပါတယ်" ဟု မာဒူရိုက ပြောကြားခဲ့သည်။

ယူကရိန်းအရေးနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရန် တောင်းဆိုနေသည့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၊ ဘရာဇီးသမ္မတ လူလာ ဒါဆေးလ်ဗား (Lula da Silva) နှင့် တောင်အာဖရိကနိုင်ငံတို့ကို မိမိအနေဖြင့် ထောက်ခံကြောင်း ဗင်နီဇွဲလားသမ္မတက ပြောကြားခဲ့သည်။

အဆိုပါ အားထုတ် ကြိုးပမ်းမှုများသည် ငြိမ်းချမ်းရေးကို ပြန်လည်ထိန်းသိမ်းနိုင်ပြီး အန္တရာယ်အကြီးမားဆုံး လက်နက်မှောင်ခိုကူမှုးကို အဆုံးသတ်စေနိုင်ကြောင်း ၎င်းက ပြောသည်။  

Source: တာ့စ်