CNI News
၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၁၈
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင် ယနေ့ (အောက်တိုဘာ ၁၈ ရက်) ပြန်လွတ်လာပြီးဟု နီးစပ်သူများထံမှ သိရသည်။
 
မုံရွာအောင်ရှင်ကို ဖေဖော်ဝါရီ ၁ ရက်နေ့က ဖမ်းဆီးခဲ့ရာ ၈ လကျော်အကြာ ယနေ့ (အောက်တိုဘာ ၁၈ ရက်)မှာ ပြန်လွတ်လာခြင်းဖြစ်သည်။
 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)၏ အကျဉ်းကျခံနေရသူ ၁၃၁၆ ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပေးရာမှာ မုံရွာအောင်ရှင်လည်း လွတ်မြောက်လာခြင်းဖြစ်သည်။