CNI News
၂၀၂၁ ခုနှစ်၊ဇူလိုင် ၁၀
တရုတ်အာဏာပိုင်တွေရဲ့ ရှင်းကျန့် ဝီဂါဒေသမှာ ကျူးလွန်နေတဲ့ အငြင်းပွား ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေက တရုတ်နဲ့အနောက်နိုင်ငံတွေအကြား ဆက်ဆံရေးကို ပိုမိုဆိုးဝါးစေအောင် ထောက်ပံ့ပေးနေတယ်လို့ ဟောင်ကောင် အခြေ စိုက် South China Morning Post သတင်းက ဖော်ပြပါတယ်။
တင်းမာမှုတွေ မြှင့်တက်လာတဲ့အတွက် တရုတ်နဲ့ အီးယူ ဥရောပသမဂ္ဂအကြား ရင်းနှီးမြှပ်နှံမှု စာချုပ်သစ် ချုပ်ဆိုဖို့ အပါအဝင် အနောက်တိုင်း ထိပ်တန်းဖက်ရှင် အမှတ်တံဆိပ် ကုမ္ပဏီတွေအနေနဲ့ တရုတ်နိုင်ငံမှာ စီးပွားရေးနဲ့ ရင်းနှီးမြှပ်နှံမှု တွေ လုပ်ဖို့ကိစ္စအတွက် အဓိကခေါင်းကိုက်စရာ ပြဿနာဖြစ်လာနေပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့်ပဲ ရှင်းကျန့် ဝီဂါဒေသကနေ တင်သွင်း တဲ့ ကုန်ပစ္စည်းတွေကို အမေရိကန်က တင်သွင်းခွင့် ကန့်သတ်တားမြစ်ခဲ့ပါ တယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း ရှင်းကျန့်ဒေသအခြေစိုက် XPCC ( Xinjaing Productions and Construction Corps ) ဆိုတဲ့ ကုမ္ပဏီက ထုတ်လုပ်တဲ့ ဝါနဲ့ ချည်ထည်တွေကို အမေရိကန်က ပိတ်ပင်ခဲ့ပြီး အဲဒီ ကုမ္ပဏီက တရုတ်ပြည် အနောက်မြောက် ဒေသက စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ ဆောက်လုပ် ရေးအတွက် လုပ်သားတွေကို အတင်းအဓမ္မခိုင်းစေ စုဆောင်းမှုမှာ ပါဝင်ခဲ့တယ် လို့ ဆိုပါတယ်။
အဲဒီ ကုမ္ပဏီကနေထုတ်တဲ့ ဝါတို့၊ အထည်ပစ္စည်းတွေတင်မကပါဘူး ဝီဂါပြည် နယ်ကနေ ထုတ်လုပ်တဲ့ ဝါအပြင် ခရမ်းချဉ် သီး ထွက်ကုန်တွေကိုလည်း အမေရိကန်က ပိတ်ပင်ခဲ့တာပါ။
ပြဿနာတွေရှိနေတဲ့ အဲဒီ ပြည်နယ်ကနေ အမေရိကန်ကို ကုန်ပစ္စည်း တင်သွင်း ခွင့် ပိတ်ပင်မှုကိုကြည့်ရင် ၂၀၀၀ ပြည့်နှစ်က ကန့်သတ်မှုတွေထက် နှစ်ဆ တက် လာခဲ့သလို ယခုနှစ် ပထမ လေးလအတွင်း ဝီဂါပြည်နယ်က ထုတ်ကုန်တွေကို အမေရိ -ကန်ကို တင်သွင်းခွင့် ပိတ်ပင်မှုဟာ ယမန်နှစ် ၂၀၂၀ ရဲ့ ပထမ လေးလ ပတ်က ပိတ်ပင်ထားမှုထက် နှစ်ဆနီးပါး များနေတယ် လို့ သတင်းတွေက ဖော် ပြ ကြပါတယ်။
လူ့အခွင့်အရေး အဖွဲ့တွေရဲ့ မှတ်တမ်းတွေအရတော့ တရုတ်နိုင်ငံ၊ အနောက် မြောက်ပိုင်း၊ ရှင်းကျန့်ဝီဂါပြည်နယ်မှာ ဝီဂါ လူမျိုး တစ်သန်းလောက်အပါအဝင် မွတ်ဆလင်တွေကို ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းထားပြီး ညှင်းပန်း နှိပ်စက်မှုတွေ လုပ်နေတယ်လို့ ဖော်ပြကြပါတယ်။
“ ရှင်းကျန့်ဒေသမှာ ဒေသခံတွေဟာ ညှင်းပန်းခံနေရပြီး အမျိုးသမီးငယ်တွေ ကိုလည်း အတင်းအကျပ်နဲ့ သားကြောဖြတ်ခိုင်း နေပါတယ်”လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စဂရင်းဖီးလ်က ပြောပါ တယ်။
ဝီဂါအများအပြားနဲ့ အခြားသော လူနည်းစုတွေဟာ အဝတ်အထည် ထုတ်လုပ်မှု နဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုတွေမှာ အတင်း အကျပ် အလုပ်စေခိုင်း ခံနေရတယ်လို့ အမေရိကန်၊ ဂျာမဏီ၊ ဗြိတိန်တို့ ပါဝင်တဲ့ ဝီဂါအရေးဆိုင်ရာ ဆွေးနွေးပွဲတခုမှာ အမေရိကန်သံအမတ်က ပြောကြားခဲ့ပါတယ်။
ဆွေးနွေးပွဲတက်ခဲ့တဲ့ ဂျာမဏီ သံအမတ်ကတော့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကြေညာစာတမ်းကို လေးစား လိုက်နာ ဖို့နဲ့ ရှင်းကျန့် ဝီဂါဒေသက ထိန်း သိမ်းရေးစခန်းတွေကို ဖယ်ရှားဖြိုဖျက်ဖို့ တရုတ်နိုင်ငံကို တိုက်တွန်း မေတ္တာရပ် ခံခဲ့ပါတယ်။
ကိုးကား။ ။ South China Morning Post, How Xinjiang Human Rights Controversy is souring relations between China and the West, AFP