၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ ရွေကြက်ယက်ဘုရားအနီးမှာ သေနတ် အလက် ၂၀၀ ကျော် အပါအဝင် လက်နက်ခဲယမ်းများ ဖမ်းဆီးသိမ်းဆည်းရမိသည်ဟု နစက သတင်းထုတ်ပြန်ရေး အဖွဲ့က ယနေ့ (အောက်တိုဘာ ၉ ရက်)ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အောက်တိုဘာ ၅ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ချိန်၌ ထောက်ကြန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး နေ နေလင်းထွန်း ၄၂ နှစ်(ဘ) ဦးထွန်းနိုင်၊ မောင်းနှင်လာသည့် ISUZU ဆီဘောက် ဆာ (အဖြူရောင်)ယာဉ်အား အမရပူရမြို့ နယ်၊ ကမ်းနားလမ်း၊ ရွှေကြက်ယက်ဘုရားအနီးသို့ ရောက်ရှိစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သတင်းအရ ယာဉ်အား ရပ်တန့် စစ်ဆေးခဲ့သည်ဟု ဆိုသည်။
ထို့နောက် ဆီဘောက်ဆာယာဉ်၏ ဆီအကန့် ၅ ကန့်ရှိသည့် အနက် နောက်ဆုံးအကန့်တွင် နောက်ဆုံးအကန့်တွင် အံဝှက် ပြုလုပ်၍ သယ်ဆောင်လာသည့် 7.62 MM Assault Rifile Type 81(KIA ထုတ်) ၂၀၀ လက်၊ 7.62 MM life Machine Gun Type 81(KIA ထုတ်) ၂၀ လက်၊ ၎င်းကျည်အိမ် ၅၄ ခု၊ 7.62-39 ကျည် ၃၂၆၄၀ တောင့်၊ 100 MM HE တာဝေးခွင်းဗုံး ၈၉ လုံး၊ အစပျိုးစနက်အုံ ၈၉ ခု စသည့် လက်နက်နှင့် ခဲယမ်းများ ဖမ်းဆီးရမိခဲ့သည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။
အမရပူရမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “ဖမ်းဖိတာကတော့ ၆ ရက်နေ့လောက်ကလို့တော့ ကြားတယ်။ မူးယစ် တပ်ဖွဲ့စု ၁၈ ကနေ ဖမ်းမိတာပါ”ဟု ပြောသည်။
လက်နက်များ တင်ဆောင်လာသည့် အဆိုပါ ယာဉ်ကို အမရပူရမြို့နယ်၊ ရွှေကြက်ယက်ဘုရားအနီးတွင် အမရပူရမြို့နယ် မူးယစ်တပ်ဖွဲ့စု ၁၈ မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ဆက်စပ်သတင်း - - - - - - - - - https://cnimyanmar.com/index.php/political/politics-local/1567-2021-10-09-07-08-31