CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၉
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ/ကရင်နီတပ်မတော်(KNPP/KA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောဘီထူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (မူရင်း-စစ်ကောင်စီ)နှင့် တွေ့ဆုံ ဆွေးနွေးရန် မရှိကြောင်း ယနေ့ (အောက်ဆိုဘာ ၉ ရက်)ပြောသည်။
အောက်ဆိုဘာ ၉ ရက်နေ့က ကရင်နီတပ်မတော်(KA)၏ အခြေခံအပတ်စဉ် ၇၁ စစ်သင်တန်းဆင်းပွဲသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့စဉ် ဗိုလ်ချုပ် စောဘီထူးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်စောဘီထူးက "လက်ရှိ အခြေအနေမှာ စစ်ကောင်စီနဲ့တွေ့ဆုံ ဆွေးနွေးဖို့ လက်ခံနိုင်တဲ့ အခြေအနေ မရှိသေးဘူး"ဟု ပြောသည်။
ပုံ-အပတ်စဉ် ၇၁ ကရင်နီတပ်မတော်(KA)သင်တန်းဆင်းပွဲ ကျင်းပနေစဉ်(KNPP)
KNPP/KA သည် မြန်မာအစိုးရနှင့် ပြည်နယ်အဆင့် -ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral)ရေးထိုးထားသည့် ကရင်နီလက်နက်ကိုင်ဖြစ်သည်။
ထို့နောက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးနိုင်ရေးအတွက်ကို လည်း ဦးသိန်းစိန် အစိုးရ လက်ထက်နှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက်များတွင် ညှိနှိုင်းဆွေး နွေးမှုများ ပြုလုပ်ခဲ့ကြသည်။