CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃

ရက္ခိုင့်တပ်တော်(AA)၏ အရာရှိ လေ့ကျင့်ရေးသင်တန်း အမှတ်စဉ်(၃)မှ သင်တန်းသားများကို အရာရှိလောင်းများ အဖြစ် အသိအမှတ်ပြုခြင်း အခမ်းအနားကို ရခိုင်ပြည်နယ် ကျင်းပခဲ့သည်ဟု ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် ကျင်းပခဲ့သည် ဟု AA က ထုတ်ပြန်ခဲ့သည်။

ရက္ခိုင့်တပ်တော်၊ အရာရှိ လေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၃) အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ သင်တန်းသူ၊ သင်တန်းသား ၃၂၆ ယောက်ဖြင့် ရခိုင်ပြည်နယ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက် နေ့တွင် အရာရှိလောင်းအဖြစ် အသိအမှတ်ပြု အခမ်းအနားကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု AA မှ ထုတ်ပြန်ခဲ့သည်။

ရက္ခိုင့်တပ်တော်၊ အရာရှိလောင်း လေ့ကျင့်ရေး သင်တန်း အမှတ်စဉ် (၁) နှင့် အမှတ်စဉ် (၂) တိုအား မဟာမိတ် ကချင်ပြည်တွင် လေ့ကျင့်ပြုလုပ်နိုင်ခဲ့ပြီး အမှတ်စဉ် (၃) အား ရခိုင်ပြည်နယ်တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

ထိုကြောင့် အမှတ်စဉ် (၃) သင်တန်းသည် ရခိုင်ပြည်နယ်တွင် ပထမဆုံးပြုလုပ်သော အရာရှိလေ့ကျင့်ရေး သင်တန်းဖြစ်သည်။

ထို့နောက် အရာရှိဖြစ်သင်တန်း၊ အမှတ်စဉ် (၄) ကိုလည်း ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်သွားရန် လျာတားထားကြောင်း AA ဘက်က ပြောသည်။

အရာရှိလေ့ကျင့်ရေး သင်တန်းကျောင်းအား (၉) နှစ်မြောက်၊ ရက္ခိုင့်တပ်တော်နေ့ဖြစ်သော ၂၀၁၈ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့တွင် သင်တန်းသူ၊ သင်တန်းသား ၁၃၈ ဦးဖြင့် ကချင်ပြည်နယ်၌ ပထမဦးဆုံး စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။