CNI International News

မော်စကို၊ ဇွန်လ ၂၆

မော်စကိုမြို့လမ်းမများပေါ်ရှိ ရုရှားအစိုးရတပ်များသည် ဇွန်လ ၂၅ ရက်နေ့တွင် ရုတ်သိမ်းသွားခဲ့ပြီဖြစ်သလို မြို့များကို သိမ်းပိုက်ထားသော ကြေးစားစစ်သားများသည်လည်း ပြန်လည်ဆုတ်ခွာသွားပြီဟု အေပီမှ  ဖော်ပြခဲ့ သည်။ 

အချိန်ပိုင်းသာ ကြာမြင့်ခဲ့သော ပုန်ကန်မှုသည် ယူကရိန်းတွင် တန်ပြန်ထိုးစစ်နှင့် ရင်ဆိုင်နေရသည့် သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) ကို အားနည်း သွားစေခဲ့သည်။ 

မြို့တော်ဆီသို့ ချီတက်မှုကို ဖျက်သိမ်းခဲ့ခြင်းက ယက်ဂျီနီ ပရီဂေါ့ဇ်ဟင် (Yevgeny Prigozhin) နှင့်သူ၏ ဝဂ်နာ (Wagner) တပ်ဖွဲ့များ၏ ကံကြမ္မာကိုလည်း မရေမရာ ဖြစ်စေခဲ့သည်။

 ပဋိပက္ခကို အဆုံးသတ်စေခဲ့သည့် သဘောတူညီချက်အရ ပရီဂေါ့ဇ်ဟင်သည် ဘယ်လာရုစ်သို့ ရွှေ့ပြောင်းရမည် ဖြစ်ကာ ဖမ်းဆီး အရေးယူမှုနှင့် ရင်ဆိုင်ရမည် မဟုတ်ပေ။ 

ထိုသဘောတူညီချက်ကို ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို (Alexander Lukashenko) က ကြားဝင် စေ့စပ်ပေးခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၄ ရက်ညတွင် ထုတ်ပြန် ကြေညာခဲ့သည်။ 

ပူတင်ကို တွေ့ရစဉ်

ထိုထုတ်ပြန်မှု ပြီးချိန်ကတည်းက ပူတင်နှင့် ပရီဂေါ့ဇ်ဟင်တို့ထံမှ မည်သည့်အကြောင်းမှ ထပ်မံမကြားသိရသေး ပေ။ 

သီတင်းပတ်ကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များကို ပုံမှန်မဟုတ်သော အခြေအနေများဟု အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken)က ပြောသည်။ 

ပြီးခဲ့သော ၁၆ လက ပူတင်သည် ယူကရိန်းမြို့တော်သို့ ချီတက်ပုံနှင့် လက်ရှိအချိန်တွင် ၎င်း၏ မော်စကိုမြို့အား ခုခံရန် ပြင်ဆင်နေရပုံ တို့ကိုလည်း ၎င်းက ဆက်စပ် ပြောဆိုခဲ့သည်။ 

ရုရှားစာမျက်နှာတွင် အက်ကြောင်းများစွာကို မြင်တွေ့ရမည်ဟုလည်း ၎င်းက ပြောသည်။ 

ဘာတွေဖြစ်နေသလဲ တိတိကျကျ မသိရသော်လည်း ပူတင်သည် ယခုကိစ္စကို လာမည့် သီတင်းပတ်များအတွင်း ဖြေရှင်းရတော့မည်မှာ သေချာသည်ဟုလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ 

လက်ရှိအချိန်အထိ ၂၄ နာရီကြာ ပုန်ကန်မှုသည် ယူကရိန်းစစ်ပွဲအတွက် မည်သို့မည်ပုံ သက်ရောက်မှု ရှိသည်ကို လည်း မသိရသေးပေ။

သို့သော် ထိုဖြစ်ရပ်ကြောင့် ယူကရိန်းစစ်မြေပြင်တွင် ရုရှားဘက်က တိုက်ခိုက်ပေးနေသည့် အကောင်းဆုံး တပ်ဖွဲ့များသည် စစ်မြေပြင်မှ ပြန်လည် ဆုတ်ခွာလာခြင်းကို ဖြစ်စေခဲ့သည်။ 

ဝဂ်နာအုပ်စု ပုန်ကန်မှုလုပ်နေစဉ်

ယင်းတို့တွင် ဝဂ်နာများနှင့် ချေချင်းညာ တပ်ဖွဲ့ များလည်း ပါဝင်သည်။ 

ဝဂ်နာများ မော်စကိုမြို့ဆီသို့ ချီတက်ရာ လမ်းကြောင်းသည် အတားအဆီးမရှိဘဲ လျင်လျင်မြန်မြန် ရှေ့တိုး လာနိုင် ခဲ့ခြင်းက ရုရှားလုံခြုံရေးနှင့် စစ်တပ်တို့၏ အားပျော့မှုကိုလည်း ဖော်ပြနေသည်။ 

ဝဂ်နာများသည် ပြီးခဲ့သည့် တစ်ရက်အတွင်း ယူကရိန်းတပ်ဖွဲ့များ၏ သုံးပတ်တာ ကာလထက်ပိုကာ ရုရှားလေတပ် ကို ထိခိုက်ပျက်စီးမှု ဖြစ်စေခဲ့သည်ဟု ယူဆကြောင်း ရုရှားအရေး လေ့လာသုံးသပ်သူတစ်ဦးက မှတ်ချက်ပြုသည်။ 

ဝဂ်နာများသည် မော်စကိုမြို့သို့ ချီတက်ရာတွင် ရဟတ်ယာဉ်တချို့နှင့် စစ်တပ်၏ ဆက်သွယ်ရေး လေယာဉ်များ ကို ပစ်ချခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။ 

ကာကွယ်ရေးဌာနကတော့ ယင်းနှင့်ပတ်သက်၍ မှတ်ချက်ပြု ပြောဆိုခြင်း မရှိသေးပေ။ ရုရှားတို့၏ ပြည်တွင်း မငြိမ်သက်မှုများက ၎င်းတို့ စစ်တပ်အတွက် အခွင့်အရေးများ ဖန်တီးပေးမည်ကိုလည်း ယူကရိန်းဘက်က မျှော်လင့်နေသည်။

Source: AP