CNI International News

ဘန်ကောက်၊ဇွန်လ ၂၁

ထိုင်းနိုင်ငံ၊ ပတ္တယား (Pattaya)မြို့တွင် ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲသည် အကျိုးဖြစ်ထွန်းခဲ့သလို ပါဝင်သူများအနေဖြင့်လည်း ထိုသို့ ဆွေးနွေးမှုများကို ထပ်မံ လုပ်ဆောင် လိုသည်ဟု ထိုင်းအိမ်စောင့်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒွန် ပရာမတ်ဝီနိုင် (Don Pramudwinai)က ပြောသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။ 

ဆွေးနွေးပွဲ အခြေအနေများသည် ကောင်းမွန်ခဲ့ကြောင်း၊ ပါဝင်သူများအနေဖြင့် ထိုင်းနိုင်ငံအား ထိုသို့ ဆွေးနွေးပွဲ များ ထပ်လုပ်စေလိုကြောင်း ဒွန်က ဇွန်လ ၂၀ ရက်နေ့၌ အစိုးရအဖွဲ့တွင် ပြောကြားခဲ့သည်။ 

အလွတ်သဘော ဆွေးနွေးမှုများသည် ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် ယခင်ကလည်း ထိုသို့ ဆွေးနွေးမှုမျိုး နှစ်ကြိမ် လုပ်ဆောင်ဖူးကြောင်း၊ ယင်းတို့သည် အကျိုးဖြစ်ထွန်း စေခဲ့ခြင်း သို့မဟုတ် ယခင်က ဆွေးနွေးပွဲတွင် ပါဝင်သူများသည် နောက်တစ်ကြိမ် ဆွေးနွေးမှုကို ပျက်ကွက်ခြင်း မရှိခဲ့ ကြောင်း ဒွန်က ပြောသည်။ 

ဇွန်လ ၁၉ ရက်နေ့ ဆွေးနွေးမှုများတွင် ယခင်က မဆွေးနွေးခဲ့ဖူးသော အကြောင်းအရာများကိုပါ ဆွေးနွေးနိုင်ခဲ့ရုံ မက ယခင်ကထက် ပါဝင်ဆွေးနွေးသူ အရေအတွက် မြင့်တက်လာခဲ့ကြောင်းလည်း ဒွန်၏ ပြောဆိုမှုတွင် ပါဝင် သည်။ 

ထိုင်း ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒွန်ပရာမတ်ဝီနိုင်ကို တွေ့ရစဉ်

ထိုဆွေးနွေးပွဲများသို့ မြန်မာနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တရုတ်၊ အိန္ဒိယတို့ အပါအဝင် နိုင်ငံ ၇ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်ဟု ၎င်းက ပြောသည်။ 

မြန်မာနှင့် ပတ်သက်သော ကိစ္စများကို အိမ်စောင့်အစိုးရ အနေဖြင့် နောင်လာမည့် ထိုင်းအစိုးရသစ် သို့မဟုတ် အာဆီယံအဖွဲ့အား မည်သည့်အတွက်ကြောင့် မဖြေရှင်းခိုင်ရသလဲဟု မေးမြန်းခဲ့ရာတွင် ဒွန်က ထိုင်းသည် မြန်မာနှင့် ကီလိုမီတာ ၂၀၀၀ နယ်နိမိတ်ချင်း ထိစပ်နေကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံမှ ပြဿနာများကို ဖြေရှင်းရန် အချိန်မဆွဲသင့်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။ 

တခြားသော အာဆီယံနိုင်ငံများသည် ထိုင်းကဲ့သို့ မြန်မာနှင့်ရှည်လျားသော နယ်နိမိတ်ကို မပိုင်ဆိုင်ထားကြောင်း၊ ထို့ကြောင့် ၎င်းတို့အနေဖြင့် စိုးရိမ်မှု သို့မဟုတ် ကာလရှည် မြန်မာပြဿနာကို ဖြေရှင်းရေး အဖြေတစ်ခုကို အလျင် အမြန် ရှာဖွေရမည်ဟု မခံစားရခြင်း ဖြစ်ကြောင်း ဒွန်က ဆက်လက် ပြောကြားသည်။

အလွတ်သဘော ဆွေးနွေးမှုများကို ထိုင်းနိုင်ငံ၏ အကောင်းဆုံး အကျိုးစီးပွားအတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော် လည်း လူများစွာက ထိုအရေးနှင့်ပတ်သက်၍ သတိမပြုမိသလို အာဆီယံအဖွဲ့သာလျှင် ထိုကိစ္စကို ဦးဆောင် ကိုင်တွယ်သင့်သည်ဟု ခံယူထားကြောင်းလည်း ၎င်းက ထောက်ပြသည်။ 

အင်ဒို-မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ ၂၀၂၁ ခုနှစ်က တွေ့ဆုံစဉ်

မြန်မာအရေးသည် ထိုင်းနိုင်ငံကို သာမက၊ နယ်စပ်ကုန်သွယ်ရေး၊ စီးပွားရေးတို့အပေါ် သက်ရောက်မှု ရှိစေသည်။ 

ထိုမျှမက မြန်မာနိုင်ငံတွင်းမှ လူလိမ် အဖွဲ့များသည် နိုင်ငံများစွာမှ ပြည်သူများအပေါ် ပြစ်မှုကျူးလွန် နေကြောင်း၊ ထိုင်းနိုင်ငံသားများသည် တရားမဝင် လုပ်ငန်းများအတွက် နယ်စပ်ဖြတ်ကျော် ဆောင်ရွက်နေကြောင်းနှင့် မူးယစ် ဆေးဝါး အပြင် တခြားသော တရားမဝင် ပစ္စည်းများနှင့် ပတ်သက်သည့် ပြဿနာများလည်း ရှိနေကြောင်း နိုင်ငံ ခြားရေးဝန်ကြီးက ပြောသည်။ 

ကမ္ဘောဒီယား၏ ဦးဆောင်မှုဖြင့် ဖြတ်သန်းခဲ့ရသော ၂၀၂၂ ခုနှစ်တွင် အာဆီယံအဖွဲ့သည် မတူကွဲပြားသော အခြေ အနေများ၊ ပုံစံများဖြင့် မြန်မာနိုင်ငံရေး ပြဿနာကို အောင်မြင်သော ဖြေရှင်းနည်းများ ရှာဖွေရေးတွင် အားလုံး ပူး ပေါင်း ဆောင်ရွက်သင့််သည်ဟု ထုတ်ပြန်ထားခဲ့ဖူးကြောင်း ဒွန်က ပြောသည်။ 

ဇွန်လ ၁၉ ရက်နေ့ ဆွေးနွေးပွဲတွင် ပါဝင်သူများက ဆွေးနွေးပွဲ ရလဒ်များကို လူသိရှင်ကြား မထုတ်ပြန်ရန် သဘော တူခဲ့ကြောင်း၊ ယင်းတွင် အပြီးသတ် အဖြေ သို့မဟုတ် သဘောတူညီချက် တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိဟုလည်း ဒွန်က ပြောသည်။

Source: ဘန်ကောက်ပို့စ်