CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၆

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့က ရဲစခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်(KNLA)- ဒေသခံကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်လာသည့်အတွက် ယနေ့ (ဇွန်လ ၆ ရက်) နံနက်ပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

နတ်သံကွင်းမြို့နှင့် ကျောက်ကြီးမြို့ကို ဆက်ထားသည့် စစ်တောင်းမြစ်တံတားပေါ်မှာလည်း ပစ်ခတ်မှုများဖြစ်ပွားခဲ့သလို မိုင်းပေါက်ကွဲမှုကြောင့် တံတားချိုးကျသွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးဝန်းကျင် သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ “ရိုးမ” BPDF -Yoma က သတင်းထုတ်ပြန်ခဲ့သည်။