CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့၊ ရန်ကုန်-မန္တလေးလမ်းမပေါ်ရှိ ညောင်ပင်သာ နယ်မြေရဲစခန်းကို ဒီဇင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက KNLA၊ PDF၊ BPLA တို့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း နစကဘက်က ၁၀ ဦးကျဆုံးပြီး BPLA ဘက်မှ ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ထို့နောက် တိုက်ပွဲအတွင်း RPG ထိပ်ဖူး ၂၁ လုံး၊ RPG ပို့ယမ်း ၁၇ ခု၊ ၉ မမကျည် ၈၀ တောင့်၊ ၆၀ မမဗုံးသီး ၂၇ ခု၊ G2 ၁ လက်၊ G3 ၂ လက်၊ ပြောင်းချော ၄ လက်၊ BA 94 ၂ လက်၊ MA-13 ၁ လက်၊ Tear Gas Gun ၂ ခု၊ လက်ပစ်ဗုံး ၆ လုံး၊ G3 ကျည် ၂၃၁ တောင့်၊ 5.56 ကျည် ၁၄၃ တောင့်၊ လက်ထိပ် ၄ ခု၊ လက်တော့ ၁ လုံး၊ မျက်ရည်ယိုဗုံး ၄၆ လုံး၊ အသံဗုံး ၁ လုံး၊ ကျည်ကာ ၂ စုံ၊ ဦးထုပ် ၅ လုံး၊ G3 ကျည်ဘောက် ၆ ခုနှင့် ၉ လုံးကျည် ၂၀၁ တောင့်တို့ သိမ်းဆည်းရမိခဲ့သည်ဟု BPLA က ထုတ်ပြန်ခဲ့သည်။