CNI International News

ဘန်ကောက်၊ ဇွန်လ ၁

တိုင်ကြားချက်များတွင် ပါဝင်သော အသေးစိတ် အချက်အလက်များက Move Forward ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရန်ရတ် (Pita Limjaroenrat) အနေဖြင့် ဝန်ကြီးချုပ်ဖြစ်ရန် အရည်အချင်း ပြည့်/မပြည့် ဆိုသည်နှင့် မေလ အထွေထွေရွေးကောက်ပွဲကို ဖျက်သိမ်းသင့်သလား ဆိုသည်ကို ဆုံးဖြတ်ပေးသွားလိမ့်မည်ဟု အိမ်စောင့် အစိုးရ၏ ဒုတိယဝန်ကြီးချုပ် ဝစ်ဆနူ ကရီရာဂမ်(Wissanu Krea-ngam)က ပြောကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြခဲ့သည်။

ဝစ်ဆနူသည် လက်ရှိ အိမ်စောင့်အစိုးရ၏ ဥပဒေရေးရာပညာရှင် တစ်ဦးဖြစ်ပြီး ပီတာ၏ iTV Plc တွင် ရှယ်ယာ ပိုင်ဆိုင်သည့် ကိစ္စနှင့်ပတ်သက်သော တိုင်ကြားချက် အသေးစိတ် အချက်အလက်များက အဓိကအချက် ဖြစ်လိမ့် ဟု အစိုးရအဖွဲ့ကို မေလ ၃၁ ရက်နေ့က ပြောခဲ့သည်။

တိုင်ကြားချက်သည် ပီတာ၏ လွှတ်တော်အမတ်ဖြစ်ရန် ကိစ္စနှင့်ပတ်သက်၍ ပစ်မှတ်ထားလျှင် ၎င်းသည် ဝန်ကြီးချုပ် ဖြစ်နိုင်ဆဲဖြစ်ကြောင်း၊ အကြောင်းမှာ ဝန်ကြီးချုပ်သည် လွှတ်တော်အမတ် ဖြစ်စရာမလိုခြင်းကြောင့် ဖြစ်ကြောင်း ဝစ်ဆနူက ပြောသည်။

ထိုင်းဒုတိယဝန်ကြီးချုပ် ဝစ်ဆနူ ကရီရာဂမ်ကို တွေ့ရစဉ်

ထို့ကြောင့် တိုင်ကြားချက်သည် ဝန်ကြီးချုပ် မဖြစ်အောင် ပစ်မှတ်ထားလျှင် ၎င်းသည် လွှတ်တော်အမတ် ဖြစ်နိုင်ဆဲ ဖြစ်ကြောင်း၊ နှစ်ခုစလုံးအပေါ် ပစ်မှတ်ထားလျှင် တရားရုံးအနေဖြင့် နှစ်ခုစလုံးနှင့် ပတ်သက်၍ အဆုံးအဖြတ် ပေးမည်ဖြစ်ကြောင်း ဝစ်ဆနူက ပြောခဲ့သည်။

တိုင်ကြားချက် အနေဖြင့် ပီတာ၏ Move Forward ပါတီ ဖြစ်ခွင့်အပေါ် အတည်ပြုမှုနှင့် ပတ်သက်၍ မေးခွန်းကို လည်း ဖြစ်စေမည်ဟု ၎င်းက ဆိုသည်။
ထိုကဲ့သို့ ဖြစ်လာလျှင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အထွေထွေရွေးကောက်ပွဲကို ထပ်မံ ကျင်းပရမည် ဖြစ် သော်လည်း ၎င်းအနေဖြင့် ပီတာအား မည်ကဲ့သို့ တရားစွဲ တိုင်ကြားသင့်သည်ကို မှတ်ချက်ပြုမည် မဟုတ်ဟု ဆိုသည်။

ထိုအချက်သည် တိုင်ကြားသူနှင့်သာ သက်ဆိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးသည် တိုင်ကြားချက်ပါ အချက်အလက်နှင့် ပတ်သက်၍ ဆုံးဖြတ်ပေးသွားမည် ဖြစ်ကြောင်း ဝစ်ဆနူက ပြောသည်။

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မီဒီယာအဖွဲ့အစည်းများတွင် ရှယ်ယာပိုင်ဆိုင်သူများကို အထွေထွေ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားသည်။

Move Forward ပါတီဦးဆောင်သည့် ညွန့်ပေါင်းမဟာမိတ်များကိုတွေ့ရစဉ်


ထို့ကြောင့် iTV Plc တွင် ရှယ်ယာ ပါခဲ့ဖူးသည့် ပီတာ၏ အခြေအနေသည် မေးခွန်းထုတ်စရာ ဖြစ်လျက်ရှိသည်။

လက်ရှိတွင် ပီတာ၏ လွှတ်တော်အမတ်ဖြစ်မှု၊ မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲတွင် Move Forward ပါတီ ကိုယ်စားလှယ်လောင်းများအပေါ် ၎င်း၏အတည်ပြုမှုနှင့် ၎င်းဖွဲ့စည်းမည့် အစိုးရအဖွဲ့ တစ်ခုလုံးစာအတွက် ရွေး ကောက်ပွဲ ကော်မရှင်တွင် တိုင်ကြားချက် ဖွင့်ထားသည်။

သို့သော် ထိုအခြေအနေနှင့် ပတ်သက်၍ ရှည်ရှည်ဝေးဝေး စိတ်ကူး မယဉ်သင့်ကြောင်း၊ တစ်ဆင့်ချင်းစီသာ စဉ်းစား သွားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်သည် မည်သည့် လုပ်ရပ်ကိုမှ မလုပ်ဆောင် ရသေးသည့်အတွက် အဆိုးမြင်သည့် အခြေအနေများကို မတွေးသင့်ကြောင်းလည်း ဝစ်ဆနူက ပြောသည်။

Source: ဘန်ကောက်ပို့စ်