CNI News
၂၀၂၃ ခုနှစ်၊ မေလ ၂၉

ယနေ့ခေတ်တွင် ခေတ်သစ်စစ်နည်းဗျူဟာများ ပြောင်းလဲလာသည်ကို တွေ့ရသည့်အတွက် ခေတ်သစ် စစ်ပွဲများနှင့် ပတ်သက်၍လည်း မျက်ခြည်မပြတ်လေ့လာနေရန်လိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယနေ့ (မေလ ၂၉ ရက်)နံနက်ကိုင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဟိုပုံးတပ်နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံမှ နည်းပြအရာရှိများ၊ သင်တန်းသားများကို တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ မိမိတို့ တက်ကျွမ်းသည့်ပညာရပ်များကို အပြည့်အဝ အသုံးချခြင်းဖြင့် စွမ်းအားရှိသည့် တပ်မတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် ခေတ်သစ် စစ်နည်းဗျူဟာ များ ပြောင်းလဲလာသည်ကို တွေ့ရသည့်အတွက် ခေတ်သစ် စစ်ပွဲများနှင့် ပတ်သက်၍လည်း မျက်ခြည်မပြတ် လေ့လာနေရန် လိုသည်”ဟု ပြောသည်။

တပ်မတော်သားအားလုံးသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှ မပါရှိဘဲ မိမိတို့တစ်ဦးတစ် ယောက်ချင်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန် တပ်မတော်သို့ ဝင်ရောက်အမှုထမ်းခဲ့ကြသူများဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိ စစ်ပွဲများသည် နည်းပညာကို အသားစီးယူ၍ ခေတ်နှင့်လိုက်လျောညီထွေ ဖြစ်စေမည့် ပစ္စည်းများထုတ် လုပ်ကာ အသုံးပြု တိုက်ခိုက်လျက်ရှိနေသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်မှာတော့ လတ်တလောတွင် ဒရုန်းများကို ဗုံးသီးများ ချိတ်ကာ ဝေဟင်မှ ကြဲချခြင်း ဖြင့် ခေတ်သစ် စစ်ပွဲများကို ဆင်နွှဲနေကြသည်ကိုတွေ့ရသည်။