CNI International News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၄

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်(Antony Blinken)၏ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည့် နိုင်ငံခြား ဆက်ဆံရေးကော်မတီ လွှတ်တော်ကြားနာမှုကို ငြိမ်းချမ်းရေး လှုပ်ရှားသူများက ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများက တခြားနိုင်ငံများသို့ ပိုမိုကောင်းမွန်သော နိုင်ငံခြားရေးမူဝါဒများပါရှိသော သံတမန်ရေးကို ကျင့်သုံးရန် အမေရိကန်နိုင်ငံရေးသမားများကို တိုက်တွန်းသည့် စာတန်းများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ခဲ့ကြသည်။

“တွေ့ဆုံညှိနှိုင်းမှုတွေ စတင်ရမည်။ တရုတ်၏ အဆိုပြုချက်ကို လက်မခံလျှင် ခင်ဗျားတို့ ကိုယ်ပိုင် အဆိုပြုချက်ကို ဘာလို့ မလုပ်တာလဲ”ဟု ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူ မီဒီယာ ဘန်ဂျမင် (Medea Benjamin) က ပြောသည်။

အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒအပေါ် ငြိမ်းချမ်းရေးလှုပ်ရှားသူများ ဆန္ဒပြနေကြစဉ်

၎င်းသည် “ ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ချက်ချင်းစ” ဆိုသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားပြီး ဘလင်ကင်က ရုရှား၏ ခြိမ်းခြောက်မှုနှင့် တရုတ်ဘက်မှ စိန်ခေါ်မှုများအကြောင်းကို ထပ်ခါထပ်ခါ ပြောဆိုနေချိန်တွင် မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်အစိုးသည် ၎င်းတို့၏ နိုင်ငံခြားရေး အဖြေရှာရေး စီမံကိန်းဖြင့် ရုရှားနှင့်ယူကရိန်းတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများအတွက် အခြေအနေများကို ဖန်တီးရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုမှု လုပ်ဆောင်ထားသည်။

တခြားသော ဆန္ဒပြသူများကလည်း ဘလင်ကင်ကို ရဲအစောင့်အရှောက်ဖြင့် မထွက်ခွာခင် ပါလက်စတိုင်း၊ ကျူးဘားနှင့် ဗင်နီဇွဲလား နိုင်ငံများသို့ မျှတသော သံတမန် ဆက်ဆံရေးထားရှိရန် တောင်းဆိုခဲ့ကြသည်။

Source: CGTN/PandaPaws