CNI International News

မော်စကို၊ မတ်လ ၂၄

ရုရှားနိုင်ငံ၏ ထိပ်သီး လုံခြုံရေးအရာရှိတစ်ဦးဖြစ်သူ ဒီမီထရီ မက်ဗီဒက်ဗ်က နျူကလီးယားစစ်ပွဲ ဖြစ်နိုင်ခြေ မြင့်လာမှုနှင့်ပတ်သက်၍ ကြာသပတေးနေ့တွင် သတိပေးခဲ့သည်။

ထို့နောက် ပူတင်အား ဖမ်းဆီးရန် ခြိမ်းခြောက်ခဲ့သည့် ဂျာမနီဝန်ကြီးတစ်ဦးကိုလည်း ပြစ်တင်ဝေဖန်ခဲ့သည်ဟု အေပီ သတင်းတွင် ဖော်ပြသည်။

ဂျာမနီဝန်ကြီး၏ လုပ်ရပ်သည် ရုရှားနှင့်ဂျာမနီ စစ်ဖြစ်သည်အထိ အခြေအနေ ဆိုးရွားနိုင်ကြောင်းလည်း ၎င်းက ပြောသည်။

အနောက်အုပ်စုနှင့် ရုရှား၏ ဆက်ဆံရေးသည် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အခြေအနေတွင် ရှိနေသည်ဟု ဒီမီထရီ မက်ဗီဒက်ဗ်က သတင်းထောက်များကို ပြောခဲ့သည်။

မက်ဗီဒက်ဗ်သည် ရုရှားလုံခြုံရေးကောင်စီ၏ လက်ထောက် အတွင်းရေးမှူး ဖြစ်သည်။

နျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်ခြေနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင်လည်း ထိုအန္တရာယ်များ လျော့ပါးမသွားဘဲ တိုးလာကြောင်း၊ အနောက်အုပ်စုမှ ယူကရိန်းကို လက်နက် ထောက်ပံ့လေ ဖြစ်လာနိုင်ခြေ မြင့်တက်လာလေ ဖြစ်သည်ဟု ၎င်းက ပြောသည်။

ဘိုင်ဒန်နဲ့ ဥရောပခေါင်းဆောင်များကိုတွေ့ရစဉ်

မက်ဗီဒက်ဗ်သည် အတိတ်တွင်လည်း ထိုသို့ ပြင်းထန်သော စကားလုံးများဖြင့် အနောက်အုပ်စုအား ဝေဖန်ခဲ့ဖူးသူ ဖြစ်သည်။

အမေရိကန်နှင့် နေတိုးမဟာမိတ်များသည် ရုရှားအား ဖျက်ဆီးရန် ကြိုးပမ်းနေသည်ဟု ၎င်းက ပြောခဲ့ဖူးသည်။

မက်ဗီဒက်ဗ်သည် တစ်ချိန်တုန်းက အနောက်အုပ်စု ကမ္ဘာတွင် ဆက်ဆံရေး ပျော့ပြောင်းသူအဖြစ် ချီးကျူးခံခဲ့ရဖူးသူ ဖြစ်သော်လည်း ၎င်းက အခြေအနေမှာ သိသိသာသာ ပြောင်းလဲလာသည်။

ကြာသပတေးနေ့က သတင်းထောက်များနှင့် တွေ့ဆုံမှုတွင် မက်ဗီဒက်ဗ်သည် ယူကရိန်းတွင် ကလေးများ သေဆုံးမှု အပါအဝင် စွဲချက်များနှင့် ပတ်သက်၍ ပူတင်အား ဖမ်းဆီးရန် ဝရမ်းထုတ်ခဲ့သည့် နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး၏ လုပ်ရပ်နှင့်ပတ်သက်၍လည်း ပြစ်တင် ဝေဖန်ခဲ့သည်။

တရားရုံး၏ လုပ်ရပ်က ဆိုးရွားသော အနောက်အုပ်စုနှင့် ရုရှားတို့၏ ဆက်ဆံရေးကို ပိုမိုဆိုးရွား လာစေခဲ့သည်ဟု ၎င်းက ပြောသည်။ မက်ဗီဒက်ဗ်၏ ပြောစကားသည် ဂျာမနီ တရားရေးဝန်ကြီး မာကို ဘွတ်ရှ်မန်း (Marco Buschmann) အား အဓိကရည်ရွယ်ချင်း ဖြစ်သည်။

ရုရှား၏ နျူကလီးယားထိပ်ဖူးကိုတွေ့ရစဉ်

ပူတင်အနေဖြင့် ဂျာမနီသို့ လာရောက်ခဲ့မည်ဆိုလျှင် ICC ဝရမ်းအရ ၎င်းကို ဖမ်းဆီးသွားမည်ဟု ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောခဲ့သည်။

နျူကလီးယား ပိုင်ဆိုသည့် နိုင်ငံမှ ခေါင်းဆောင်တစ်ဦး ဂျာမနီကို သွားရောက်လည်ပတ်ပြီး ဖမ်းဆီးခံရသည့် အခြေအနေကို စဉ်းစားကြည့်ပါဦး၊ ဒါက ရုရှားကို စစ်ကြေညာခြင်းမျိုးပင် ဖြစ်သည်ဟု မက်ဗီဒက်ဗ်က ပြောသည်။

ထိုသို့ ဖြစ်လာမည်ဆိုလျှင် ရုရှားအနေဖြင့် ဂျာမနီဝန်ကြီးချုပ်ရုံးခန်းမှစ၍ လေကြောင်း တိုက်ခိုက်မှုများ လုပ် ဆောင် သွားမည်ဟုလည်း ၎င်းက ပြောသည်။

ရုရှား၏ နျူကလီးယား အင်အားသည် ယူကရိန်းစစ်ပွဲတွင် ရုရှားအတွက် ကြီးမားသော အထောက်အပံ့ ဖြစ်စေကြောင်း၊ နျူကလီးယား အင်အားကြောင့်သာ ရုရှားနိုင်ငံ မပျက်စီးရခြင်းဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

Source: AP