CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)၏ ဗဟိုကော်မတီဝင်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားအလှော်(ခ) တားမူစယ်သည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက် ၄ နာရီ ၁၆ မိနစ်က ကွယ်လွန်သွားပြီး ဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးကြီး တားအလှော်(ခ) တားမူစယ် ကွယ်လွန်သည့် အချိန်တွင် အသက် ၆၄ နှစ်ရှိပြီးဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးကြီး တားအလှော်(ခ) တားမူစယ် ကွယ်လွန်ခြင်းနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

AA ရဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာကိုတွေ့ရစဉ်

PSLF/TNLA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားအလှော်(ခ) တားမူစယ်သည် ၁၉၇၉ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ PSLO/PSLA တွင် စစ်ဦးစီးချုပ်၏ ကိုယ်ရေးအရာရှိတာဝန်၊ ဗဟိုလုံခြုံရေးတာဝန်၊ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု(NDF)၏ တာဝန်၊ အထူးတပ်ဖွဲ့တာဝန်၊ ထောက်ပို့တာဝန် စသဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်ဟု AA ၏ သဝဏ်လွှာမှာ ဖော်ပြထားသည်။

ထို့နောက် PSLF/TNLA တွင် ဗျူဟာမှူးတာဝန်၊ တပ်မဟာမှူးတာဝန်၊ စစ်ဦးစီးမှူးတာဝန်၊ ဒုတိယစစ်ဦးစီးချုပ် တာဝန်တို့ကို အသီးသီး တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။