CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂

နိုင်ငံကူးလက်မှတ် (ပတ်စပို့)ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ စတင်၍ Online Booking စနစ်ဖြင့် လျှောက်ထားပြီ ဖြစ်ကြောင်း နစက၏ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့သည်။

Online Booking စနစ်ကို မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး(ရန်ကုန်)၌သာ ကျင့်သုံးမည်ဖြစ်ပြီး ပြည်နယ်/တိုင်းဒေသကြီးများရှိ ရုံးခွဲများ၌ ယခင် လျှောက်ထားမှု လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပေးသွားမည် ဟု ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

ပတ်စပို့လျှောက်နိုင်ကြောင်း ကြေညာချက်ကိုတွေ့ရစဉ်

ထို့နောက် Online Booking ရယူရာတွင် အချိန်အကန့်အသတ်မရှိဘဲ အလွယ်တကူ လျှောက်ထားနိုင်ပြီး ကုန်ကျစရိတ်ကို သတ်မှတ် နှုန်းထားအတိုင်း တစ်ပါတည်း ပေးချေရမည်ဖြစ်ကြောင်း၊ Online Booking လျှောက်ထားရန် အခက်အခဲရှိသူများအနေဖြင့် သက်ဆိုင်ရာမြို့မရဲစခန်းများတွင် အကူအညီ တောင်းခံ၍ လျှောက်ထားနိုင်ကြောင်း လ.ဝ.က ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မည်သူမဆို လွယ်ကူစွာ လျှောက်ထားနိုင်ရန် စီစဉ်ထားရှိပြီး ကြားခံပွဲစားများဖြင့် အခကြေးငွေ ပေးဆောင်၍ လျှောက်ထားခြင်းများ မပြုရန် အသိပေးနှိုးဆော်ပါသည်ဟုလည်း ၎င်းက ပြောသည်။