CNI International News

မင့်ခ်၊ ဒီဇင်ဘာ ၂၇

ဘယ်လာရုစ်နိုင်ငံတွင် ရုရှားဘက်က တပ်ဆင်ထားသော Iskander တာတိုပစ် ဒုံးကျည်စနစ်နှင့် S-400 ကာကွယ် ရေးစနစ်တို့မှာ ပစ်ခတ်ရန် အသင့်အနေအထား၌ ရှိနေပြီဖြစ်ကြောင်း ဘယ်လာရုစ်ထိပ်တန်း အရာရှိတစ်ဦးက ပြောသည်ဟု အယ်ဂျာဇီးယားသတင်းတွင် ဖော်ပြထားသည်။

ရုရှားနှင့် ဘယ်လာရုစ်မှ လက်နက်ကိုင်တပ်ဖွဲ့များ၏ ပူးတွဲတိုက်ခိုက်ရေး လေ့ကျင့်မှုများအတွင်း ဘယ်လာရုစ် စစ်သားများနှင့် အမှုထမ်းများသည် ၎င်းတို့၏ လေ့ကျင့်ရေးလုပ်ငန်းများကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ သည်ဟု ဘယ်လာရုစ်ကာကွယ်ရေးဌာန၏ အရာရှိတစ်ဦးဖြစ်သူ လီယိုနစ်ကာဆင်စကီ (Leonid Kasinsky) က ပြောသည်။

တနင်္ဂနွေနေ့(ဒီဇင်ဘာ ၂၅ ရက်)က အွန်လိုင်းပေါ် ရောက်ရှိလာသော ဗွီဒီယိုတစ်ခုတွင် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပူတင်နဲ့ လူကာရှန်ကို ကိုတွေ့ရစည် (GETTY IMAGES)

Iskandar နှင့် S-400 စနစ်များမှာ ယနေ့မှစ၍ ၎င်းတို့၏ သက်ဆိုင်ရာတာဝန် အသီးသီးကို ထမ်းဆောင်ရန် အသင့် အနေအထားတွင် ရှိနေသည်ဟုလည်း ၎င်း၏ပြောဆိုမှုတွင် ပါဝင်သည်။

ဘယ်လာရုစ်ကို ၎င်းတို့၏ Iskander နှင့် လေကြောင်းကာကွယ်ရေးစနစ်များ ထောက်ပံ့ပေးမည်ဟု ရုရှားသမ္မတ ပူတင် (Putin)က ဇွန်လတွင် ပြောဆိုခဲ့သည်။

Iskander စနစ်များသည် နျူကလီးယား ထိပ်ဖူးများကို သယ်ဆောင်နိုင်သည့် စွမ်းရည်မျိုးရှိပြီး ဘယ်လာရုစ်တွင် ရုရှားဘက်မှ အဆိုပါ ဒုံးကျည်စနစ် မည်မျှ တပ်ဆင်ထားသည်ကိုတော့ မသိရသေးပေ။

အဆိုပါ သတင်းများသည် ယူကရိန်းကျူးကျော်မှုတွင် ပါဝင်ကူညီရေး ဘယ်လာရုစ်ကို ရုရှားဘက်က ဖိအားများ တိုးမြှင့်လာချိန်၌ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုတွေ့ရစဉ် (AFP)

ဖော်ဖော်ဝါရီလ ယူကရိန်းကျူးကျော်မှု စတင်ချိန်တွင် ရုရှားတပ်များက ယူကရိန်းမြို့တော်ကို တိုက်ခိုက်ရန် ဘယ်လာရုစ်နယ်မြေအား ၎င်းတို့၏ လေကြောင်း ပစ်ခတ်ရေးစင်တာအဖြစ် အသုံးပြုခဲ့သည်။

ပြီးခဲ့သည့် လများအတွင်း ရုရှားနှင့်ဘယ်လာရုစ်တို့အကြား စစ်တပ်ခြင်း ပူးတွဲဆောင်ရွက်ချက်များ ပိုများလာ သည်ကိုလည်း တွေ့ရသည်။ Iskander-M သည် ရွေ့လျားနိုင်သည့် ပဲ့ထိန်းဒုံးကျည်စနစ် တစ်ခုဖြစ်ပြီး ၎င်းကို နေတိုးဘက်မှ SS-26 Stone ဟု အမည်ပေးထားသည်။

ထိုစနစ်သည် ဆိုဗီယက်ခေတ် Scud များ နေရာတွင် အစားထိုး ဝင်ရောက်လာခြင်း ဖြစ်သည်။ စနစ်တွင် ပါဝင် သော ဒုံးကျည်နှစ်စင်းသည် အများဆုံး ၅၀၀ ကီလိုမီတာအထိ ပျံသန်းနိုင်ကာ သမားရိုးကျ ဒုံးလက်နက် သို့မဟုတ် နျူကလီးယား လက်နက်ကို တပ်ဆင်အသုံး ပြုနိုင်သည်။

ဒုံးကျည်၏ ပျံသန်းနိုင်မှုက ဘယ်လာရုစ် နယ်နိမိတ်ကို ကျော်လွန်နေပြီး ယူကရိန်းနှင့် နေတိုးအဖွဲ့ဝင် ပိုလန်နိုင်ငံ အထိပါ ရောက်ရှိနိုင်ခြင်းကြောင့် ထိုနိုင်ငံများနှင့် ဘယ်လာရုစ်တို့အကြား ဆက်ဆံရေးကို ထိခိုက်စေခဲ့သည်။

S-400 သည် ရုရှား၏ မြေပြင်မှဝေဟင်ပစ် လေကြောင်း ကာကွယ်ရေးစနစ်ဖြစ်ကာ ဘယ်လာရုစ် စစ်တပ်မှ လေယာဉ်များသည်လည်း နည်းပညာမြင့် လေကြောင်း လက်နက်များကို တပ်ဆင်နိုင်ရန် အသွင်ပြောင်းထား သည်ဟု ကာစင်စကီက ပြောသည်။

Source: အယ်ဂျာဇီးယား