CNI International News

ကဘူးလ်၊ ဒီဇင်ဘာ ၂၆

အဓိကကျသော နိုင်ငံတကာအကူအညီပေးရေး အဖွဲ့ကြီးသုံးခုက အာဖဂန်နစ္စတန်နိုင်ငံတွင်း ၎င်းတို့၏ လုပ်ငန်း ဆောင်ရွက်မှုများကို တနင်္ဂနွေနေ့(ဒီဇင်ဘာ ၂၅ ရက်)တွင် ရပ်ဆိုင်းလိုက်သည်ဟု အေပီသတင်း၌ ဖော်ပြထားသည်။

တာလီဘန်များက အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် အမျိုးသမီးများ အလုပ်လုပ်ကိုင်ခြင်းကို တားမြစ် လိုက်ပြီးနောက် ယခုကဲ့သို့ ရပ်နားလိုက်ခြင်း ဖြစ်သည်။

Save the Children၊ Norwegian Refugee Council နှင့် CARE တို့က ၎င်းတို့၏ ဝန်ထမ်းများတွင် အမျိုးသမီး များ မပါဝင်လျှင် အာဖဂန်နစ္စတန်နိုင်ငံအတွင်း အမှန်တကယ် အကူအညီ လိုအပ်နေသော ကလေးများ၊ အမျိုးသမီးနှင့် အမျိုးသားများထံ ကူညီဆောင်ရွက် ပေးနိုင်လိမ့်မည် မဟုတ်ဟု ပြောသည်။

အမျိုးသမီးများကို အလုပ်လုပ်ခွင့် ပိတ်ပင်ကြောင်း ဆုံးဖြတ်ချက်အား တာလီဘန်များက စနေနေ့(ဒီဇင်ဘာ ၂၄ ရက်)တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ထိုအဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးများသည် အစ္စလာမ္မစ် ခေါင်းဆောင်းများကို မှန်ကန်စွာ မဝတ်ဆင်ခြင်းကြောင့် ဖြစ်သည်။

လုပ်ငန်းဆောင်ရွက်မှု ရပ်ဆိုင်းထားသော အဖွဲ့သုံးဖွဲ့သည် အာဖဂန်နိုင်ငံတွင်း ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် အာဟာရဝန်ဆောင်မှုတို့အပြင် ဆိုးရွားနေသော လူသားခြင်းစာနာမှုဆိုင်ရာ အခြေအနေများကို ကူညီရန် ထောက်ပံ့ပေးလျက်ရှိသည်။

အမျိုးသမီးများ သူတို့အခွင့်အရေးအတွက် တောင်းဆိုနေကြစဉ် (AP)

ယဉ်ကျေးမှု စံနှုန်းများအတိုင်း လိုက်နာဆောင်ရွက်လျက် ရှိသည်။ အမှန်တကယ် အကူအညီ လိုအပ်နေသော အမျိုးသမီးများအတွက် အမျိုးသမီး ဝန်ထမ်းများ မရှိလျှင် လုပ်ငန်းဆောင်ရွက်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ဟု အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ Norwegian Refugee Council ၏ အကြီးအကဲဖြစ်သူ နေးလ်တာနာ (Neil Turner) က ပြောသည်။

ထိုအဖွဲ့သည် နိုင်ငံတစ်ဝန်းလုံး၌ အမျိုးသမီး ဝန်ထမ်းဦးရေ ၄၆၈ ဦးကို ပိုင်ဆိုင်ထားသည်။ တာလီဘန်တို့သည် ၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် အာဖဂန်နိုင်ငံကို ထိန်းချုပ်လိုက်သည်။

ထို့ကြောင့် တိုင်းပြည်၏ စီးပွားရေး ပျက်ယွင်းသွားခဲ့ပြီး နိုင်ငံလည်း ပြောင်းလဲသွားခဲ့ရပြီး ပြည်သူသန်းပေါင်း များ စွာသည် ဆင်းရဲမှု၊ ငတ်မွတ်မှုတို့နှင့် ရင်ဆိုင်ရလျက်ရှိသည်။

တာလီဘန်တို့ကြောင့် နိုင်ငံခြား အကူအညီများလည်း ချက်ချင်းနီးပါး ရပ်တန့်သွားခဲ့သည်။

ဘဏ်မှ ငွေကြေးလွဲပြောင်းခြင်းကို ရပ်တန့်ခြင်း ၊ နိုင်ငံ၏ သီးသန့်ရန်ပုံငွေ ဘီလီယံများစွာကို ထိန်းချုပ်လိုက် သည်။

Source: AP