CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၂

ပြည်သူအများစုက လက်ခံသည့် ရွေးကောက်ပွဲကို ကျင်းပနိုင်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့က ကျင်းပခဲ့သည့် နစက၏ ၉/၂၀၂၂ အစည်းအဝေးမှာ ၎င်းက အထက်ပါ အတိုင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပရာတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် နယ်မြေများအားလုံးတွင် မှန်ကန်သည့် ရွေးကောက်ပွဲ၊ ပြည်သူအများစုက လက်ခံသည့် ရွေးကောက်ပွဲဖြစ်မှသာ နောင်တက်လာမည့် အစိုးရက လုပ်ငန်းများ အောင်မြင်အောင် ဆောင် ရွက် နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရေးအတွက် တတ်နိုင်သမျှ ကြိုး ပမ်း ဆောင်ရွက်လျက်ရှိတယ်”ဟု ပြောသည်။

မဲထည့်နေသော ပြည်သူတစ်ဦးကိုတွေ့ရစဉ်


ထို့နောက် ရွေးကောက်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် လိုအပ် ကြောင်း၊ လွှတ်တော်တွင် တိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ ပါဝင် နိုင်ရေး PR စနစ်ဖြင့် ဆောင်ရွက်နိုင်သည်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ရှင်းပြရာ အချို့အဖွဲ့များ က သဘောတူညီမှုများရှိကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့်အညီ လွတ်လပ်ပြီး တရားမျှတ သော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ပါဝင်ပြီးဖြစ် ကြောင်း၊ ရွေးကောက်ပွဲကို သတ်မှတ်ထားသည့်အချိန် ကာလအတွင်း ဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက် လျက်ရှိတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲ ၃ ကြိမ်တွင် ပထမအကြိမ် ရွေးကောက်ပွဲတွင် မြို့နယ် ၃၂၅ မြို့နယ်၊ ဒုတယိအကြိမ် ၌ ၃၂၃ မြို့နယ်၊ တတိယအကြိမ်တွင် ၃၁၅ မြို့နယ်တို့တွင် ကျင်းပခဲ့ကြောင်း ၎င်းက ပြောသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)

နစကသည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး အနိုင်ရရှိသည့် ပါတီအား နိုင်ငံတော်အာဏာလွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ချင်းပြည်နယ်ကာကွယ်ရေး တပ်ဖွဲ့ (CJDC) တို့ကတော့ ကယားပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများအနေဖြင့် နစက ကျင်းပမည့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှုမပြုလုပ်ကြရန် ထုတ်ပြန်ထားသည်။

အလားတူ နစကဖြုတ်ချရေး ကြိုးပမ်းနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း နစက ကျင်းပ မည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု ယာယီသမ္မတ ဒူးဝါလရှီလက ပြောကြားထားသည်။

မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးပါတီများကလည်း နစက ကျင်းပမည့် ရွေးကောက်ပွဲတွင် လုံခြုံရေးဆိုင်ရာ ပြင်ဆင်မှုအပိုင်းများကို မေးခွန်းထုတ်နေကြသည်။