CNI International News

နယူးယောက်၊ အောက်တိုဘာ ၂၆

ယူကရိန်းနိုင်ငံရှိ အမေရိကန်ဇီဝဓာတ်ခွဲခန်းများ၏ လုပ်ဆောင်ချက်များကို စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရန် ကုလသမဂ္ဂ (UN) လုံခြုံရေးကောင်စီထံ ဆုံးဖြတ်ချက်မူကြမ်းကို ရုရှားက အဆိုပြုတင်သွင်းခဲ့ကြောင်း မော်စကိုအခြေစိုက် တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

အဆိုပါမူကြမ်းထဲတွင် ရုရှားဖက်ဒရေးရှင်း၏ တိုင်ကြားချက်အရ အမေရိကန်နှင့် ယူကရိန်းတို့အပေါ် စွပ်စွဲချက် များကို စုံစမ်းစစ်ဆေးရန်အတွက် UN လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံး ပါဝင်သော ကော်မရှင်တစ်ရပ် ဖွဲ့စည်း သင့်ကြောင်း တောင်းဆိုထားသည်။ စွပ်စွဲချက်များထဲတွင် ယူကရိန်းပိုင်နက်အတွင်း ဇီဝဓာတ်ခွဲခန်း လှုပ်ရှား လုပ် ဆောင်နေသည့်ကိစ္စမှာ အဓိကပါဝင်သည်။

ထို့ပြင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက် နောက်ဆုံးထားပြီး အကြံပြုချက်များပါရှိသော အစီရင်ခံစာတစ်စောင်ကို လုံခြုံရေးကောင်စီထံ တင်သွင်းရမည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုရလဒ်များကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပမည့်ကောင်စီ၏ နဝမအကြိမ်မြောက် ပြန်လည် သုံးသပ်ခြင်းညီလာခံ(ကွန်ဗင်းရှင်း)သို့ အသိပေးရန်ဖြစ်ကြောင်း ရုရှားက အဆိုပြုထားသည်။

Source: တာ့စ်သတင်းဌာန