CNI International News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၅

ဗြိတိန်နိုင်ငံ၏ ပထမဆုံး အိန္ဒိယနွယ်ဖွား ဝန်ကြီးချုပ်အဖြစ် ရီရှီဆန်းနက် တက်လာခြင်းအပေါ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က “အထွတ်အထိပ် မှတ်တိုင်တစ်ခု” ဟု ပြောကြားခဲ့သည်။

“မနက်ဖြန် သူ (ဆန်းနက်)က ချားလ်စ်ဘုရင်ကို သွားတွေ့မယ်လို့ ထင်ပါတယ်။ တော်တော်အံ့ဩစရာပဲ။ ထူးခြားတဲ့ အထွတ်အထိပ် မှတ်တိုင်တစ်ခုပါ” ဟု ရွှေ့ပြောင်းအခြေချ အိန္ဒိယအသိုင်းအဝိုင်း ၏ အောင်မြင်မှုများကို ဘိုင်ဒန်က အသိအမှတ်ပြု ပြောကြားခဲ့သည်။