- By CNI
- Category: နိုင်ငံရေး
- Hits: 2199
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀
မလေးရှားတွင် အစိုးရသစ် မဖွဲ့နိုင်သေး၍ မြန်မာ အပါအဝင် တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသား အများအပြား အဖမ်းခံနေရဆဲ ဖြစ်ကြောင်း မလေးရှားတွင် မြန်မာများအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် မလေးရှား၌ ဝန်ကြီးချုပ်အသစ်ကိုသာ ရွေးချယ်ရသေးကြောင်း၊ ထို့ကြောင့် မလေးရှား လ.ဝ.က အနေဖြင့် ၎င်း၏ လုပ်ထုံးလုပ်နည်းအရ တရားမဝင် အထောက်အထားမဲ့များအား ဆက်လက် ဖမ်းဆီးနေဦးဖြစ် ကြောင်း၊ အစိုးရသစ် ဖွဲ့ပြီးချိန်တွင်မူ အဖမ်းအဆီးမှာ အတိုင်းအတာ တစ်ခုအထိ ပြောင်းလဲသွားနိုင်ကြောင်း မလေးရှားတွင် မြန်မာများအရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
မလေးရှားတွင် မြန်မာများအား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက “လောလောဆယ် ရပ်တန့်မှုတော့ မရှိသေးဘူးပေါ့။ တစ်ခါတစ်ခါ အဖမ်းခံရင် ရာနဲ့ရှိတာ။ အခုဆိုရင် ထောင်တွေထဲမှာ မဆန့်လို့ ဟိုးနယ်စပ်တွေမှာ။ ဒီဝန်ကြီးချုပ် တစ်ယောက်တည်းနဲ့ သူကလည်း ဘာမှ ဆုံးဖြတ်ချက် လုပ်လို့မရတဲ့ အနေအထားမျိုးမှာ အရင်က မူအတိုင်းပဲ အရင်က လုပ်ထုံးလုပ်နည်း အတိုင်းပဲ သူတို့ ဆက်သွားနေတုန်းပါပဲ။ အဲဒီအတွက် စောင့်ရမယ်ဆိုရင် တော့ တစ်လလောက်ဆိုရင်တော့ တစ်မျိုးတစ်ဖုံ ဖြစ်ကောင်း ဖြစ်လာနိုင်တာပေါ့။ အဓိက ပစ်မှတ်ရယ်လို့တော့ မရှိဘူး။ အလုပ်ရုံတွေမှာ ဝင်ဖမ်းတာရှိသလို အိမ်တွေမှာလည်း ဝင်ဖမ်းတာ ရှိတာပဲ။ လက်ရှိ မလေးရှား အခြေအနေက လောလောဆယ် ဝန်ကြီးချုပ်ပဲ ရွေးချယ် တင်မြှောက်ထားတာပဲ ရှိသေးတယ်။ သူ့ရဲ့ အစိုးရ အဖွဲ့ အစည်းကို ရွေးချယ်တင်မြှောက်ထားတာ မရှိသေးဘူး။ ဘယ်သူက ဘယ်ဝန်ကြီး၊ ဘယ်သူက ဘယ်ဌာနက ဝန်ကြီး ဆိုတာ သူတို့ တင်မြှောက်ထားတာ မရှိသေးဘူး။ လောလောဆယ် ဝန်ကြီးချုပ် တစ်ယောက်ပဲ ရှိနေသေးတဲ့ အနေ အထားမျိုးမှာ ပြောင်းလဲမှု ကြီးကြီးကျယ်ကျယ်ဆိုတာ မရှိသေးဘူးပေါ့။ ဥပဒေကတော့ အရင်ဥပဒေအတိုင်းပဲ ဆက် သွားနေတာပေါ့။ သတင်းထဲမှာ ကြားတာကတော့ ဒီတပတ် အတောအတွင်း လောက်မှာပဲ သူတို့ တခြား အစိုးရ အဖွဲ့တွေကို အခြားဝန်ကြီးတွေကို ခန့်အပ်မယ်လို့တော့ သူတို့ ကြေညာထားတာပဲ။ ဒါပေမယ့် ဘယ်နေ့ ဘယ်ရက်လဲ ဆိုတာကတော့ သူတို့ အတိအကျ မပြောသေးဘူးပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားဝန်ကြီးချုပ်အသစ် Anwar Ibrahim(အန်ဝါအီဘရာဟင်)ကိုတွေ့ရစဉ်
လက်ရှိ အဖမ်းအဆီး များပြားနေမှုသည် အစိုးရသစ် ဖွဲ့စည်းပြီးချိန်ကာလ ယခုနှစ်ကုန်ပိုင်းနှင့် လာမည့် ၂၀၂၃ ခုနှစ်ခန့်တွင် ပုံမှန်အတိုင်း စစ်ဆေးမှုမျိုးသာ ပြုလုပ်သွားနိုင်ခြေရှိကြောင်း မလေးရှား၌ မြန်မာများအရေး ကူညီ ဆောင်ရွက်ပေးနေသူများက သုံးသပ်ကြသည်။
ထို့ကြောင့် မလေးရှားနိုင်ငံတွင် နေထိုင် အလုပ်လုပ် ကိုင်လျက်ရှိသည့် တရားမဝင် အထောက်အထားမဲ့ မြန်မာ များအနေဖြင့် ထိုကာလ အပိုင်းအခြားသို့ မရောက်ခင် ယခုကာလ၌ အထူးသတိထား နေထိုင်ကြရန် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ကူညီမှုအဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူး ဦးချစ်ကောင်းက ပြောသည်။
၎င်းက “ဒီကာလကတော့ သူ့နိုင်ငံရဲ့ ရွေးကောက်ပွဲပြီးကာစ နိုင်ငံရေး အချိန်းအပြောင်း လုပ်နေတဲ့အချိန်ဆိုတော့ နိုင်ငံခြားသားတွေကတော့ အသွားအလာ အနေအထိုင်ကတော့ အမြဲသတိထားရတာပဲလေ။ သူ့နိုင်ငံသားတွေ လည်း အသွားအလာ သတိထားပြီးနေရတဲ့ အချိန်ဆိုတော့ ကျနော်တို့ နိုင်ငံသားတွေက ပိုဆိုးတာပေါ့။ ကိုယ်နေတဲ့ ပတ်ဝန်းကျင်မှာ သိပ်ပြီးတော့ ဆူဆူညံညံ မလုပ်ဖို့ပေါ့။ သူတို့သတ်မှတ်ထားတဲ့ နေရာတွေ မသွားဖို့။ ဒီကာလမှာ တော့ တရားမဝင် နေထိုင်တဲ့ အထောက်အထားမဲ့တွေ အကောင်းဆုံးကတော့ အသွားအလာ လုံးဝ ဆင်ခြင်တာ ကောင်းတယ်။ လူစည်ကားတဲ့ နေရာတွေ၊ ရထားဂိတ်တွေ၊ ကားဂိတ်တွေ အဲဒါမျိုးတွေ ပေါ့နော်။ နောက်ပြီးတော့ ကိုယ်နေတဲ့ ပတ်ဝန်းကျင်မှာ သူ့နိုင်ငံသားတွေ များများစားစား ရှိတဲ့နေရာမျိုးဆို ပိုပြီးတော့ ဆင်ခြင်ရတယ်။ ပြော ချင်တာကတော့ အထောက်အထားမဲ့တဲ့ ရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ကတော့ ကိုယ့်နေရာမှာပဲ သိုသိုသိပ်သိပ် နေပြီးတော့ လူစည်ကားတဲ့ အရပ်တွေကို မသွားတာ အကောင်းဆုံးပဲ အခုချိန်က ဆင်ခြင်တုံတရားပဲ။ မိသွားရင် တော့ အဆင်မပြေဘူးပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားတွင် တရားမဝင်အလုပ်သမားများကို ဖမ်းဆီးထားစဉ်
လက်ရှိတွင် မလေးရှားဝန်ကြီးချုပ်အသစ် Anwar Ibrahim(အန်ဝါအီဘရာဟင်) တက်လာသည့် ရက်ပိုင်းအတွင်း မလေးရှား ရင်းဂစ်ငွေတန်ဖိုး အနည်းငယ် တက်လာသဖြင့် မလေးရှား၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာများ အတွက် ကောင်းမွန်ကြောင်း မလေးရှားမှာ မြန်မာများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက ပြောသည်။
ထို့အပြင် ယခုဝန်ကြီးချုပ် အသစ်သည် အလုပ်သမား အရေးနှင့်ပတ်သက်၍ အကောင်းဆုံး လုပ်ဆောင်သွား လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ပြောသည်။
ဦးဘာဘူကြီးက “ဒီဝန်ကြီးချုပ်အသစ်က သူကလည်း ဝန်ကြီးချုပ် ဖြစ်လာဖို့အတွက် တိုက်ပွဲဝင်လာတာ ကြာပြီလို့ ပဲ ပြောရမှာပေါ့။ သူ့ဘက်မှာလည်း ဒီလုပ်ငန်းရှင်တွေ တော်တော်များများက ပါနေတော့။ အဓိကက တရုတ်လို့ပဲ ပြောရမှာပေါ့။ တရုတ်လုပ်ငန်းရှင်တွေ တော်တော်များများ ပါနေတော့ ဒီလုပ်ငန်းပိုင်း အလုပ်သမား ရေးရာမှာ တော့ သူ ဖိဖိစည်းစည်း လုပ်သွားမယ်လို့တော့ ကျနော်ထင်တာပဲပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားနိုင်ငံတွင် အစိုးရသစ် တက်လာတိုင်း တရားမဝင် ရောက်ရှိနေသည့် နိုင်ငံခြားသားများနှင့်ပတ်သက်၍ အထောက်အထားကတ်ကဲ့သို့ တစ်စုံတစ်ခု လုပ်ပေးနေကြဖြစ်သည့်အတွက် ယခု ဝန်ကြီးချုပ်အသစ် လက်ထက် တွင်လည်း တရားမဝင် အထောက်အထားမဲ့များအား နေထိုင်ခွင့် ထုတ်ပေးရန် မလေးရှား၌ မြန်မာများအရေး ကူညီဆောင်ရွက်ပေးနေသူများ အပါအဝင် တရားမဝင် မြန်မာများက မျှော်လင့်နေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1110
CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၃၀
ပြင်သစ်သမ္မတ အီမန်နွယ်မက်ခရွန်သည် ဂျိုးဘိုင်ဒန်၏ သမ္မတသက်တမ်းအတွင်း ၎င်း၏ပထမဆုံး နိုင်ငံတော် အဆင့် ခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တော်သို့ နိုဝင်ဘာ ၂၉ ရက်တွင် ရောက်ရှိလာခဲ့ပြီး Covid-19 ကပ်ရောဂါကြောင့် ရပ်တန့်ခဲ့ရသော သံခင်းတမန်ခင်း ပြန်လည်နိုးကြားလာကြောင်း အေပီသတင်းဌာနက ရေးသားသည်။
မက်ခရွန်သည် ယမန်နှစ်က အမေရိကန်ဆိုင်ရာ ပြင်သစ်သံအမတ်ကို ခေတ္တပြန်ခေါ်ခဲ့သဖြင့် ဘိုင်ဒန်-မက်ခရွန် ဆက်ဆံရေးမှာ ဂယက်များလည်း ရှိခဲ့သည်။
ထို့အပြင် အိမ်ဖြူတော်က ဩစတြေးလျကသို့ နျူကလီးယားသုံး ရေငုပ်သင်္ဘောရောင်းချရေး သဘောတူညီချက် ကို ကြေညာခဲ့ပြီးနောက် ပြင်သစ်အတွက် ဒီဇယ်သုံး ရေငုပ်သင်္ဘောများ ရောင်းချပေးရေးစာချုပ်မှာ ပျက်ပြား သွားခဲ့သေးသည်။
သို့သော် ယူကရိန်းသို့ ရုရှားကျူးကျော်ချိန်၌ အနောက်အုပ်စု တုံ့ပြန်သည့် အနေဖြင့် ဘိုင်ဒန်၏ အားကိုးအားထား ရာ ဥရောပမဟာမိတ်များအနက် မက်ခရွန်က ရှေ့ထွက်လာခဲ့သဖြင့် နှစ်နိုင်ငံဆက်ဆံရေးမှာ ပြန်လည် သင့်မြတ် သွားခဲ့သည်။
ယခုသီတင်းပတ် မက်ခရွန်၏ ဝါရှင်တန်ခရီးစဉ်အတွင်း ဘဲဥပုံရုံးခန်း ဆွေးနွေးမှု၊ ညစာစားပွဲ၊ ပူးတွဲသတင်းစာ ရှင်းလင်းပွဲနှင့် အခြားအစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး ခေါင်းဆောင်နှစ်ဦး စလုံးအတွက် အရေးကြီးသည့် အခိုက် အတန့်ကို အတူဖြတ်သန်းကြမည်ဟု သိရသည်။

မက်ခရွန်နဲ့ဇနီး အမေရိကန်ကိုလာရောက်စဉ်(AP)
အီရန်၏ နျူကလီးယား အစီအစဉ်၊ အင်ဒို-ပစိဖိတ်ဒေသ၌ တရုတ်၏ အားကောင်းလာမှုနှင့် အာဖရိက၊ ဆာဟဲဒေ လုံခြုံရေးနှင့်တည်ငြိမ်ရေး စိုးရိမ်ပူပန်မှုများ အပါအဝင် ကဏ္ဍမျိုးစုံတို့ကို အိမ်ဖြူတော်တွင် ဒီဇင်ဘာ ၁ ရက်၌ နှစ်နိုင်ငံ အစိုးရချင်း အချိန်ယူ ဆွေးနွေးကြမည် ဖြစ်သည်။
ထို့အပြင် ဘိုင်ဒန်နှင့်မက်ခရွန်တို့သည် ရုရှားတပ်များကို တွန်းလှန်နေသည့် ယူကရိန်းသို့ စီးပွားရေးနှင့်စစ်ရေး ထောက်ပံ့မှုများ ဆက်ပေးဖို့ အမြင်ချင်း ဖလှယ်ကြရန်လည်း စီစဉ်ထားသည်။
ပြီးခဲ့သည့် သီတင်းပတ်၌ တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့တွင် ဘေဂျင်းအစိုးရ၏ Zero Covid မဟာဗျူဟာ ကန့်ကွက်ဆန္ဒပြမှုများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် ဝါရှင်တန်နှင့်ပါရီတို့က တရုတ်ကို လတ်တလော စောင့်ကြည့်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
မက်ခရွန်သည် နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းတွင် ဝါရှင်တန်သို့ လေကြောင်းခရီးဖြင့် ဆင်းသက်ရောက်ရှိပြီးနောက် ကောဇောနီခင်း၍ ကြိုဆိုသည့် အခမ်းအနား၌ ဘိုင်ဒန်နှင့်၎င်းတို့ တရုတ်ဆန္ဒပြပွဲကိစ္စ ဆွေးနွေးရန် ရှိ/မရှိ သတင်း ထောက် တစ်ဦး၏ မေးမြန်းချက်ကို မက်ခရွန်က လျစ်လျူရှုခဲ့သည်။
တရုတ်ဆန္ဒပြပွဲသည် ဆယ်စုနှစ်အတွင်း ၎င်းပြည်တွင်း၌ အကြီးမားဆုံး သဘောထား ကွဲလွဲမှုပြယုဂ်လည်း ဖြစ်သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1412
CNI International News
ရောမ၊ နိုဝင်ဘာ ၃၀
အီတလီနိုင်ငံတွင် အာဏာရလက်ယာဝါဒီပါတီများသည် လာမည့် ၂၀၂၃ ခုနှစ်တလျှောက်လုံး ယူကရိန်းနိုင်ငံသို့ လက်နက်ပေးပိုမည့်ပြင်ဆင်ချက်တစ်ရပ်ကို နိုဝင်ဘာ ၂၉ ရက်တွင် ရုပ်သိမ်းခဲ့ကြောင်း လွှတ်တော်သတင်းရင်းမြစ် တစ်ခုကို ကိုးကား၍ ရိုက်တာက ရေးသားသည်။
ယူကရိန်းသို့ ရုရှားကျူးကျော်ပြီးနောက် ယခင်ဝန်ကြီးချုပ်ဟောင်း မာရီယိုဒရက်ဂီ၏အစိုးရအဖွဲ့သည် လွှတ်တော်၏ခွင့်ပြုချက်မပါဘဲ ကိယက်ဗ်သို့ လက်နက်ပေးပို့သည့်အစီအမံများကို စတင်ခဲ့သည်။
အဆိုပါအစီအမံသည် ယခုနှစ်ကုန်ပိုင်းတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သဖြင့် လက်ရှိဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီကို ထောက်ခံသော ညွန့်ပေါင်းအဖွဲ့က လွှတ်တော်မှတစ်ဆင့် အစိုးရအမိန့်ကို ပြင်ဆင်ခြင်းဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ လက်နက်ပေးပို့သည့် အစီအမံ သက်တမ်းတိုးရန် ကြိုးစားခဲ့သည်။
သို့သော် ဗဟိုလက်ဝဲဒီမိုကရက်တစ်ပါတီ (PD) မှ အတိုက်အခံအုပ်စုက “ယင်းအမိန့်သည် ယူကရိန်းနှင့် အထူး မသက်ဆိုင်ကြောင်း၊ အစိုးရသည် လွှတ်တော်စည်းမျဉ်းကို ဖောက်ဖျက်နေကြောင်း” စွပ်စွဲခဲ့သည်။
အထက်ပါစွပ်စွဲချက်ကို တုံ့ပြန်သောအားဖြင့် လွှတ်တော်ဆက်ဆံရေးဝန်ကြီး လူကာစီယာနီက “အစိုးရသည် သီးခြားအမိန့်စာဖြင့် အတည်ပြုချက်ရရေး ဆက်စဉ်းစားမည်” ဟု ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၄ ရက်တွင် အီတလီနိုင်ငံ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ရန် ဘုံအစည်းအဝေးတစ်ရပ် ကျင်းပခဲ့စဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)
ယူကရိန်းသို့ လက်နက်ပံ့ပိုးမှုသည် မယ်လိုနီ၏ အီတလီညီအစ်ကိုတော်များပါတီ၊ မက်တိုဆယ်ဘီနီအဖွဲ့ချုပ်နှင့် ဆဲလ်ဗီရိုဘဲလက်ကိုနီ၏ ဖော်ဇက်အီတာလျံပါတီတို့ဖြင့် ပေါင်းစပ်ထားသော အာဏာရညွန့်ပေါင်းအဖွဲ့အတွင်း အငြင်းပွားစရာ ဖြစ်လာခဲ့သည်။
ဝန်ကြီးချုပ် မယ်လိုနီသည် ကိယက်ဗ်(ယူကရိန်း)အစိုးရကို အခိုင်အမာထောက်ခံသော်လည်း ၎င်း၏မဟာမိတ် ဆယ်ဘီနီနှင့် ဘဲလက်ကိုနီတို့သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သမိုင်းဝင်ဆက်ဆံရေးရှိခဲ့သဖြင့် အာဏာရ ညွန့်ပေါင်းအဖွဲ့အတွင်း သိသိသာသာ ကွဲလွဲနေခဲ့သည်။
စေ့စပ်ညှိနှိုင်းမှုများမှာ အင်အားချိန်ခွင်လျှာ မျှတမှသာ ပေါ်ပေါက်နိုင်သဖြင့် ယူကရိန်းကို ထောက်ခံအားပေး သင့်ကြောင်း မယ်လိုနီက နိုဝင်ဘာ ၂၉ ရက်တွင် ကော်ရီဒဲလာစီရာနှင့် အင်တာဗျူးတွင် သဘောထားမှတ်ချက် ပေးခဲ့သည်။
ယခုလအစောပိုင်းတွင် အီတလီသည် ယူကရိန်းသို့ လေကြောင်းရန်ကာကွယ်ရေးစနစ်အပါအဝင် ၆ ကြိမ်မြောက် လက်နက်ပံ့ပိုးရေးအစီအမံကို ပြင်ဆင်နေကြောင်း ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်တစ်ဦးက ရိုက်တာသို့ အတည်ပြုခဲ့ သည်။
ပြီးခဲ့သည့်သီတင်းပတ်၌ တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် အီတလီကာကွယ်ရေးဝန်ကြီး ဂိုင်ဒိုခရိုဆက်တီက “နေတိုးမဟာမိတ်များနှင့် ကိယက်ဗ်အစိုးရတို့ သဘောတူထားသည့် ကာလနှင့်နည်းလမ်းများအတိုင်း လက်နက်များ ဆက်လက်ပံ့ပိုးသွားမည်” ဟု ကတိပြုခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1400
CNI International News
အင်ဖာ၊ နိုဝင်ဘာ ၃၀
လူငယ်များ အထူးသဖြင့် စစ်မှုထမ်းလိုသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းအဖြစ် လမ်းညွှန်နိုင်ဖို့ စစ်တပ် နှင့်ကာကွယ်ရေးဘက်မှ အသက်မွေးဝမ်းကျောင်းပြုခြင်း အသိပညာပေး အစီအစဉ်ကို အိန္ဒိယနိုင်ငံ၊ မဏိပူရ ပြည်နယ်၊ အင်ဖာမြို့အနောက်ပိုင်း၊ ကန်ချီပူရ်ရပ်ကွက်ရှိ အထက်တန်းကျောင်းဝင်းအတွင်း နိုဝင်ဘာ ၂၉ ရက်တွင် ကျင်းပခဲ့သည်။
ကျောင်းအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် အဆိုပါအစီအစဉ်ကို ၁၆၅ ခြေမြန်တပ်ရင်း (အာသံ)က တင်ဆက်ခဲ့ခြင်း ဖြစ်သည်။
ပစ္စတိုမှ ဒုံးကျည်အထိ နယ်မြေခံ စစ်တပ်၏ လက်နက်မျိုးစုံနှင့် အခြားကြိုးမဲ့သုံး ကိရိယာများကို ယခုအစီအစဉ်သို့ တက်ရောက်လေ့လာသူ ကျောင်းသားလူငယ်များကို ပြသခဲ့သည်။
လက်နက်များ၏ အသေးစိတ် အချက်အလက်များကို တပ်အရာရှိငယ်များက ရှင်းလင်းဟောပြောခဲ့ကြသည်။
လူငယ်များနှင့် အပြန်အလှန် ဆက်ဆံမှု အနေဖြင့် ဗိုလ်မှူး ဟိုင်ဂျမ်ဆိုမော်ဂျစ်က စစ်သားများအတွက် အကျိုးခံစားခွင့်များနှင့် အခွင့်ထူးများအကြောင်း အသေးစိတ် ပြောကြားခဲ့သည်။

အာသံတပ်ဖွဲ့က လူငယ်တွေကို စစ်မှုထမ်းသင်တန်းပေးနေစဉ် (IFP)
စစ်တပ်အရာရှိ ဖြစ်လာစေဖို့ သတင်းစာ၊ ဂျာနယ်နှင့် အခြားစာပေများ ဖတ်ရှုသည့် အလေ့အထကိုလည်း ၎င်းက တိုက်တွန်းခဲ့သည်။
လူတစ်ယောက်၏ အသက်မွေးဝမ်းကျောင်း ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာ၌ ကတိကဝတ်နှင့် ဇွဲရှိဖို့ လိုကြောင်း၊ အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေး အစီအစဉ်သည် နှုန်းစံတစ်ခု (သို့မဟုတ်) ဘွဲ့ရပြီးနောက် ကြည်းတပ်၊ ရေတပ် (သို့မဟုတ်) လေတပ်တွင် ပါဝင်လိုသည့် လူငယ်များကို ဟောပြောခြင်းဖြစ်ကြောင်း ကျောင်းမှ တာဝန်ရှိသူ ဖာ့လန်ဟိုနီ (Ph Landhoni) က မီဒီယာများကို ပြောကြားခဲ့သည်။
ထိုအစီအစဉ်သည် ကျောင်းသား၊ ကျောင်းသူများ၏ မျိုးချစ်စိတ်ကို မြှင့်တင်ပေးသည့်အပြင် ၎င်းတို့၏ ရည်မှန်း ချက်များ အထမြောက်စေဖို့ တွန်းအားပေးလိမ့်မည်ဟု မိမိယုံကြည်ကြောင်း ၎င်းက မှတ်ချက်ချခဲ့သည်။
ဤဟောပြောပွဲသို့ အမှတ် ၁၆၅ ခြေမြန်တပ်ရင်း (အာသံ) ဗိုလ်မှူးကြီး အက်ဖ်ပီဒူဘတ်ချ် တက်ရောက်အားပေးခဲ့သည်။
Source: Imphal Free Press
- By CNI
- Category: နိုင်ငံရေး
- Hits: 2167
အိန္ဒိယ၊ မဏိပူရ-မြန်မာ တိုက်ရိုက်လေကြောင်း စတင်မည်
CNI International News
ဂူဝါဟာတီ (အာသံ)၊ နိုဝင်ဘာ ၂၉
အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသ၌ လေကြောင်းသွားလာရေး အဆင့်မြှင့်တင်မှုအနေဖြင့် မဏိပူရပြည်နယ်ရှိ အင်ဖာလေဆိပ်နှင့် ထရွိုင်ပူရရှိ အာဂါတာလာလေဆိပ်တို့မှ နိုင်ငံတကာလေကြောင်း ခရီးစဉ်များ မကြာမီ စတင် တော့မည်ဖြစ်သည်။
ထို့နောက် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံတို့နှင့် လေကြောင်းလိုင်း ပြေးဆွဲပျံသန်း သွားမည်ဖြစ်ကြောင်း Northeast Now သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

မဏိပူရပြည်နယ်၊ အင်ဖာလေဆိပ်အ၀င်ကိုတွေ့ရစဉ်
အာရူနာချာပရာဒေ့ရှ်ပြည်နယ်ရှိ ဂရင်းဖီးလ်လေဆိပ်၊ ဒိုနီပိုလိုလေဆိပ်တို့မှ ပထမဆုံး လေကြောင်း ပျံသန်းသည့် အခမ်းအနားတွင် အိန္ဒိယအစိုးရ၊ အရပ်ဘက် လေကြောင်းဆိုင်ရာဝန်ကြီး Jyotiraditya Scindia က အိန္ဒိယ အရှေ့မြောက် ပြည်နယ်နှစ်ခုမှ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်သို့ လေကြောင်းခရီးစဉ်များ စတင်ပြေးဆွဲ ပျံသန်းသွား မည်ဟု နိုဝင်ဘာ ၂၈ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
၎င်းအစိုးရအနေဖြင့် အရှေ့မြောက်ဒေသတွင် လေကြောင်း ဆက်သွယ် သွားလာနိုင်ရေး တိုးချဲ့လုပ်ဆောင်နေ ကြောင်း ဝန်ကြီးက ဆက်လက် ပြောကြားခဲ့သည်။

ဒိုနီပိုလီလေဆိပ်ကိုတွေ့ရစဉ် (GETTY IMAGES)
အိန္ဒိယနိုင်ငံ၊ အင်ဖာလေဆိပ်မှ မြန်မာနိုင်ငံ၊ မန္တလေးလေဆိပ်သို့ လေကြောင်းခရီးစဉ်များနှင့် အာဂါတာလာ လေဆိပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း လေဆိပ်မြို့များသို့ ဒေသတွင်း နိုင်ငံတကာ လေကြောင်း ချိတ်ဆက်မှု တိုးချဲ့သည့် တစိတ်တပိုင်းအဖြစ် မကြာမီ စတင် ပျံသန်းသွားတော့မည်ဟု ဝန်ကြီး Scindia က ထပ်လောင်း ပြောကြားခဲ့သည်။
ယခုနှစ် အခြေအနေကို ၂၀၁၃-၂၀၁၄ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် အိန္ဒိယအရှေ့မြောက်ဒေသအတွက် လေဆိပ် ၁၆ ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီဟု ၎င်းက ရှင်းပြသည်။
အာရူနာချာပရာဒေ့ရှ်ပြည်နယ်၊ အီတန်နာဂါဒေသ၊ ဟိုလိုနဂီမြို့ရှိ ဒိုနီပိုလိုလေဆိပ် ဖွင့်လှစ်သည့် အခမ်းအနားကို ယခုလ နိုဝင်ဘာ ၁၉ ရက်တွင် ကျင်းပခဲ့ရာ အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
Source: Northeast Now
ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် ကူကီးတပ်ဖွဲ့ တိုက်ပွဲကြောင့် ကူကီးလူမျိုး ၃၀၀ နီးပါး အိန္ဒိယသို့ထွက်ပြေးလာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1539
CNI International News
အိုက်ဇော (မီဇိုရမ်)၊ နိုဝင်ဘာ ၂၉
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသမှာ ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် ကူကီးအမျိုးသားတပ်မတော်(KNA-ချင်း)တို့ တိုက်ပွဲများ ဖြစ်ပွား၍ ကူကီးလူမျိုးဒုက္ခသည် ၂၉၃ ဦးသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်လာခဲ့ကြ ကြောင်း အိန္ဒိယသတင်းဌာနများက ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း တောင်တန်းလမ်းကြောင်းမှ ကလေးသူငယ် ၁၄၈ ဦး အပါအဝင် ဒုက္ခသည် အနည်းဆုံး ၂၉၃ ဦးတို့သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်ကတည်းက အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တောင်ပိုင်း၊ လောင်တလိုင်း (Lawngtlai) ခရိုင်တွင် ခိုလှုံနေကြကြောင်း တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၈ ရက်တွင် ပြော ကြားခဲ့သည်ဟု အိန္ဒိယအခြေစိုက် Northeast Now သတင်းမှာ ဖော်ပြထားသည်။
၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် ကူကီးတပ်ဖွဲ့(KNA)တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေ၍ စစ်တကောင်း တောင်တန်း လမ်းကြောင်းမှ ထွက်ပြေးလာကြသည့် ကူကီး-ချင်း (သို့မဟုတ်) မီဇိုဒုက္ခသည်များ ဖြစ်ကြသည်ဟု လောင်တလိုင်းခရိုင် ဒုက္ခသည်စခန်းမှ တာဝန်ရှိသူ တီတီဘန်ခိုင်ဇိုင် (TT Beikhaizi) က ရှင်းပြသည်။

ကူကီးအမျိုးသားတပ်မတော်(KNA)ကိုတွေ့ရစဉ် (GETTY IMAGES)
ပါဗာအမှတ် (၃) ကျေးရွာတွင် ခိုလှုံနေကြသည့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ထွက်ပြေးလာသူများအနက် အမျိုးသမီးနှင့် မိန်းကလေးငယ် ၁၆၁ ဦးအထိ ရှိကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
အဆိုပါ ဒုက္ခသည်များသည် ပါဗာအမှတ် (၃) ကျေးရွာရှိ စာသင်ကျောင်းများ၊ ကျန်းမာရေးဌာနခွဲနှင့် အန်ဂန်ဝတီ ဌာနတို့၌ အသီးသီး ဖြန့်ကြက် နေထိုင်လျက် ရှိသည်။
ဒုက္ခသည်များ၏ အခြေအနေကို ခရိုင်အုပ်ချုပ်ရေးမှူးက အနီးကပ် စောင့်ကြည့်နေကြောင်း ဌာနခွဲအရာရှိ ဘန်ခိုင်ဇိုင်က ပြောကြားခဲ့သည်။
ခရိုင်အုပ်ချုပ်ရေးအဖွဲ့အပြင် လောင်တလိုင်းခရိုင်အခြေစိုက် ဗဟိုလူငယ်လိုင် (Lai) အသင်း (CYLA) အပါအဝင် စေတနာရှင်များ၊ ခရစ်ယာန်အသင်းတော်များနှင့် NGO အဖွဲ့အစည်းများက ဒုက္ခသည်များအတွက် အစား အသောက်နှင့် အခြားကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ကိုတွေ့ရစဉ်(GETTY IMAGES)
လတ်တလော ကာလအတွင်း လောင်တလိုင်းခရိုင် လက်ထောက်မင်းကြီး အေမောသီရိဗာစတာဗာက နိုဝင်ဘာ ၂၈ ရက်တွင် တာဝန်ရှိသူများ၊ NGO များနှင့် အခြားသက်ဆိုင်ရာ အာဏာပိုင်များကို တွေ့ဆုံခဲ့သည်။
၎င်းက အခြေအနေများကို သုံးသပ်ဆွေးနွေးပြီး ဘင်္ဂလားဒေ့ရှ်မှလာသည့် ဒုက္ခသည်များအား လူသားချင်း စာနာမှု အကူအညီများ ပေးအပ်ဖို့ ပြောကြားခဲ့ကြောင်း တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရသည်။
အေမောသီရိဗာစတာဗာက ဒုက္ခသည်များ ဝင်ရောက်လာကြောင်း သိရှိပြီးသည်နှင့် ခရိုင်အုပ်ချုပ်ရေးအပိုင်းက အဆောတလျင် ကိုင်တွယ်ဆောင်ရွက်ပေးခဲ့ကြောင်း မီဇိုရမ်ပြည်နယ် ပြန်ကြားရေးနှင့်လူထုဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေကြသော ဒုက္ခသည်များသည် လူမှုအသိုင်းအဝိုင်းများတွင် သာမက လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ နယ်ပယ်တွင်ပါ အကူအညီ ပေးသင့်ကြောင်း လက်ထောက်မင်းကြီးက ဖြည့်စွက် ပြောကြားခဲ့ သည်။
မီဇိုရမ်ပြည်နယ်သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ၃၁၈ ကီလိုမီတာ ရှည်လျားစွာ ထိစပ်နေသည့် နယ်စပ် ဖြစ်သည်။
Source: Northeast Now
- By CNI
- Category: နိုင်ငံရေး
- Hits: 1043
CNI International News
နိုရိုဘီ(ကင်ညာ)၊ နိုဝင်ဘာ ၂၉
အိမ်နီးချင်း ကင်ညာနိုင်ငံ၊ မြို့တော်နိုင်ရိုဘီတွင် စက်တင်ဘာ ၂၈ ရက်က စတင်ကျင်းပသည့် တတိယအကြိမ် ကွန်ဂိုပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ သူပုန်အဖွဲ့များ၏ လက်နက်ဖျက်သိမ်းရေးဆိုင်ရာကိစ္စကို ဆွေးနွေး ခဲ့ကြကြောင်း အေပီမှ ဖော်ပြထားသည်။
အဆိုပါ ဆွေးနွေးပွဲကို အရှေ့အာဖရိကဒေသဆိုင်ရာ အစုအဖွဲ့၏ ပံ့ပိုးမှုဖြင့် စတင် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲ စတင်ဖွင့်လှစ်သည့်နေ့ နိုဝင်ဘာ ၂၈ ရက်၌ ကင်ညာနိုင်ငံ၏သမ္မတ ဝီလျံရူတို (William Ruto) နှင့် ဘူရန်ဒီနိုင်ငံ၏သမ္မတ အီဗာရိုစတီနဒါယီရှီမိုင်ယီ (Évariste Ndayishimiye) တို့ လူကိုယ်တိုင် တက်ရောက်ခဲ့ကြသည်။
ထို့နောက် ကွန်ဂို၊ ရဝမ်ဒါနှင့် ယူဂန်ဒါတို့မှ သမ္မတများကတော့ ဗွီဒီယိုကွန်ဖရင့်ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။

ကင်ညာနိုင်ငံ၏သမ္မတ ဝီလျံရူတိုကိုတွေ့ရစဉ် (AP)
ပါဝင်ဆွေးနွေးကြသည့် ခေါင်းဆောင်များက ကွန်ဂိုထာဝရငြိမ်းချမ်းရေး ရရှိစေရန်အတွက် ပံ့ပိုးကူညီသွားကြဖို့ ၎င်းတို့ ကတိကဝတ်များကို ထပ်လောင်း အတည်ပြုခဲ့ကြသည်။
ဆွေးနွေးပွဲကို ဦးဆောင်သူ ကင်ညာသမ္မတဟောင်း အူဟူရူကန်ယက်တာ (Uhuru Kenyatta) က “မိမိတို့ ရည်ရွယ်ချက်မှာ နိုင်ငံရေး လုပ်ငန်းစဉ်များနှင့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများကို ညှိနှိုင်း အဖြေရှာ ကြရန် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ထိုသို့ အဖြေရှာကြရာတွင် လက်နက်ဖျက်သိမ်းရေး၊ ပြန်လည်ထူထောင်ရေးနှင့် ကွန်ဂိုပြည်တွင်းရှိ လက်နက်ကိုင် အဖွဲ့များ ပြန်လည်ပေါင်းစည်းရေးတို့ ဖြစ်ထွန်းလာအောင် အထောက်အကူပေးမည့် ပတ်ဝန်းကျင်တစ်ခု သေချာ ရေရာစွာ ဖန်တီးဖို့ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အင်ဂိုလာနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်၌ ကျင်းပခဲ့သော ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် ခေါင်းဆောင်များသည် ကွန်ဂိုပြည်တွင်း အပစ်အခတ်ရပ်စဲရေး တောင်းဆိုခဲ့ကြပြီးနောက် M-23 သူပုန်အဖွဲ့၏ ထိန်းချုပ်နယ်မြေရှိ မြို့ကြီးများမှ သူပုန်တပ်များ ဆုတ်ခွာသွားခဲ့သည်။

M-23 သူပုန်ကိုတွေ့ရစဉ် (AFP)
M-23 သူပုန်အဖွဲ့သည် အင်ဂိုလာ အစည်းအဝေးသို့ တရားဝင် အစိတ်အပိုင်းအဖြစ် တက်ရောက်ခဲ့ခြင်း မဟုတ် သော်လည်း အပစ်အခတ်ရပ်စဲရေးကို လက်ခံသွားမည်ဟု သတင်းထုတ်ပြန်လာခဲ့သည်။
သို့သော် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လေးစားပြီး ရန်လိုမှုများ အဆုံးသတ်ဖို့အရေး လက်ရှိကွန်ဂိုအစိုးရကို မိမိတို့ အယုံအကြည် မရှိကြောင်း M-23 က ပြောကြာထားသည်။
ယခု နိုဝင်ဘာ ၂၈ ရက် ကင်ညာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည့် ကွန်ဂိုလက်နက်ကိုင် အဖွဲ့များမှာ မည်သည့် အဖွဲ့များ ဖြစ်ကြောင်းကိုတော့ အရှေ့အာဖရိကဒေသဆိုင်ရာအစုအဖွဲ့၊ အထွေထွေအတွင်းရေးမှူး ပီတာမာတူးကီ (Peter Mathuki) က အတိအကျ ထုတ်ဖော် ပြောကြားခြင်း မရှိပေ။
ကင်ညာဆွေးနွေးပွဲ၌ ဦးဆောင်သူသည် ကွန်ဂို၏ပြည်နယ် ၅ ခု၌ ပဋိပက္ခများ၏ မူလဇစ်မြစ်ကို ဖော်ထုတ်ရန် စီစဉ်နေပြီး ရေရှည်တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေး ပေါ်ထွန်းလာအောင် ပြည်နယ်အလိုက် ခေါင်းဆောင်များ၏ အခန်းကဏ္ဍ ပြန်လည်ထားရှိရေး ညှိနှိုင်းကြရန် ဦးတည်ထားသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1055
CNI International News
တီဟီရန်၊ နိုဝင်ဘာ ၂၉
နိုင်ငံတဝန်း ဆူပူအုံကြွ၍ မတည်ငြိမ်မှုများကြောင့် ၂ လအတွင်း သေဆုံးသူ ၃၀၀ ကျော် သွားခဲ့ပြီဖြစ်ကြောင်း အီရန် စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက နိုဝင်ဘာ ၂၈ ရက်တွင် တရားဝင် ဝန်ခံပြောကြားခဲ့သည်ဟု အေပီသတင်းအရ သိရသည်။
ထိုအရေအတွက်သည် ဆန္ဒပြပွဲ စတင်ချိန်ကတည်းက အနီးကပ် ခြေရာခံ စောင့်ကြည့်နေသည့် အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူများအဖွဲ့၏ ခန့်မှန်းချက်ထက် လျော့နည်းနေသည်။
အီရန်နိုင်ငံတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်၌ အကျင့်စာရိတ္တပြုပြင်ရေးအဖြစ် ရဲတပ်ဖွဲ့က ခေါ်ယူ ထိန်းသိမ်း ထားသော အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ပြီးနောက် နိုင်ငံတဝန်း ဆူပူအုံကြွမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ဆုံစဉ်(ဓါတ်ပုံ-amnesty international)
စတင်အုံကြွခဲ့ပြီးနောက် ဆန္ဒပြသူ ၄၅၁ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၆၀ သေဆုံးခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၈,၀၀၀ ကျော်ရှိကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က ပြောသည်။
အစ္စလာမ္မစ်သမ္မတနိုင်ငံဖြစ်သော အီရန်တွင် ဝတ်စားဆင်ယင်မှုဆိုင်ရာ တင်းကျပ်မှုကို ချိုးဖောက်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူ အသက် ၂၂ နှစ်အရွယ်ရှိ မာရှားအေမီနီ သေဆုံးခဲ့ရသဖြင့် ဆန္ဒပြမှုများ စတင်ခဲ့သည်။
အဆိုပါဖြစ်စဉ်သည် ၁၉၇၉ ခုနှစ် တော်လှန်ရေးနောက်ပိုင်း တိုင်းပြည်ကို တင်းကျပ်စွာ အုပ်ချုပ်ခဲ့သည့် ဘာသာရေးခေါင်းဆောင်များအတွက် အဆိုးရွားဆုံးစိန်ခေါ်များထဲမှ တစ်ခုဖြစ်လာခဲ့သည်။
ရုန်းရင်းဆန်ခတ်မှုများကြောင့် လူ ၃၀၀ ကျော်သေဆုံးခဲ့ရသည်ဟု အီရန်အရံတော်လှန်ရေးအစောင့်တပ်၊ အာကာသဆိုင်ရာဌာနခွဲမှ ဗိုလ်ချုပ်ကြီး အေမီယာအလီဟာဂျီဇာဒက် (Amir Ali Hajizadeh) က ပြောကြားကြောင်း အဆိုပါအစောင့်တပ်နှင့်နီးစပ်သော ဝက်ဘ်ဆိုက်တစ်ခုက ဖော်ပြခဲ့သည်။

အောက်တိုဘာတွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီးအခွင့်အရေး ဆန္ဒပြပွဲများ(ဓါတ်ပုံ-Getty Images)
သေဆုံးသူအများစုသည် ဆန္ဒပြပွဲများတွင် ပါဝင်မိခဲ့ကြသော သာမန်အီရန်နိုင်ငံသားများဖြစ်ကြောင်း ၎င်းဗိုလ်ချုပ်ကြီးက ဝန်ခံခဲ့သည်။
၎င်းခန့်မှန်းသည့် အသေအပျောက်အရေအတွက်မှာ မည်သည့်သတင်းရင်းမြစ်ထံမှ လာကြောင်း အတိအကျတော့ ထည့်မပြောခဲ့ပေ။
အီရန်အာဏာပိုင်များသည် ပြည်တွင်းဆန္ဒပြပွဲများအခြေအနေကို မီဒီယာများ၌ ရေးသားဖော်ပြမှုများကို ပြင်းထန်စွာ ကန့်သတ်ထားခဲ့သည်။
အစိုးရမီဒီယာများက သေဆုံးသူဦးရေကို အပြည့်အဝ သတင်းထုတ်ပြန်ခြင်းမရှိသေးသလို လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ ဖြိုခွင်းမှုများအစား စစ်သွေးကြွများနှင့် ခွဲထွက်ရေးအုပ်စုများကို အပြစ်တင်သည့်ဖော်ပြချက်မျိုးကိုသာ ဦးစားပေးရေးသားနေကြသည်။
အဆိုပါဆန္ဒပြပွဲများသည် အီရန်၏ရန်ဘက်များဖြစ်ကြသော အနောက်အုပ်စုနှင့်ဆော်ဒီအာရေဗျတို့ကြောင့် ပေါ်ပေါက်လာရကြောင်း ဗိုလ်ချုပ်ကြီး ဟာဂျီဇာဒက်က အထောက်အထားမပြသဘဲ ပြောကြားခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1333
CNI International News
ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၈
ကာတာနိုင်ငံ၌ ကျင်းပနေဆဲ ကမ္ဘာ့ဖလားပွဲ၌ မော်ရိုကိုအား ဘယ်လ်ဂျီယံက နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ်ခဲ့ပြီးနောက် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့လယ်ခေါင်၌ ဘောလုံးပရိတ်သတ်များ အဓိကရုဏ်းဖြစ်ပွားခဲ့၍ ရဲက မီးသတ် ပိုက်နှင့် မျက်ရည်ယိုဗုံးများသုံး၍ ဖြိုခွင်းခဲ့ရကြောင်း AFP သတင်းကို ကိုးကား၍ ဘန်ကောက်ပို့စ်က ရေးသား ဖော်ပြသည်။
ဆယ်ဂဏန်းမျှရှိသော ဘောလုံးပရိသတ်များသည် အရောင်းဆိုင်ပြတင်းပေါက်များကို ရိုက်ခွဲကြပြီး မော်တော် ယာဉ်များကို မီးတင်ရှို့ခဲ့ကြသည်။ အဓိကရုဏ်းများကြောင့် လူ ၁၁ ဦးကို ဖမ်းဆီးထားပြီး ကျန် ၁ ဦးကို အချုပ်ချ ထားခဲ့သည်။
ဘောလုံးပွဲတိုက်ရိုက်ထုတ်လွှင့်မှု မပြီးဆုံးခင်မှာပင် ခေါင်းစွပ်အင်္ကျီဝတ်ဆင်ထားသူအချို့အပါအဝင် လူဆယ် ဂဏန်းမျှ လမ်းပေါ်ထွက်လာပြီး အများပြည်သူလုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးဖြစ်အောင် ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ရန် ကြိုးစားခဲ့ကြောင်း ဘရပ်ဆဲလ်မြို့တော်ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မော်ရိုကိုက ဘယ်လ်ဂျီယံကို အနိုင်ရပြီးနောက် ဘရပ်ဆဲလ်တွင် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့စဉ်(ဓါတ်ပုံ-အေအပ်ဖ်ပီ)
ဆူပူမှုအချို့သည် တုတ်များကိုင်ဆောင်ထားပြီး မီးကျည်ပစ်ခတ်ခဲ့မှုကြောင့် သတင်းထောက်တစ်ဦး၏မျက်နှာတွင် ဒဏ်ရာရခဲ့သည်။
မြို့လယ်ခေါင်ရှိ အချို့နေရာများသို့ သွားလာခြင်းမှ ရှောင်ရှားကြရန် မြို့ခံများကို သတိပေးချက်ထုတ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၀၀ ခန့် တာဝန်ချထားခဲ့သည်။
အကြမ်းဖက်မှု မပြန့်ပွားစေရန် မြေအောက်ဘူတာရုံများကို ယာယီပိတ်ခဲ့ပြီး လမ်းများပေါ် အတားအဆီးများ ကာရံခဲ့သည်။
ဒေသစံတော်ချိန် ည ၇ နာရီ (ဂရင်းနစ်စံတော်ချိန် ညနေ ၆ နာရီ) ဝန်းကျင်တွင် အခြေအနေ ပြန်လည် ငြိမ်သက်ခြင်းရှိ/မရှိ ထောက်လှမ်းရေးရဟတ်ယာဉ်တစ်စင်း ပျံသန်းလာချိန်မှာတော့ ဆန္ဒပြသူများသည် မော်တော်ယာဉ်၊ အမှိုက်ပုံးများနှင့် လျှပ်စစ်စကူတာ(အသေးစားယာဉ်)တို့ကို မီးတင်ရှို့နေကြောင်း AFP သတင်းထောက်က မြင်တွေ့ခဲ့ရသည်။
“ဒီနေ့မွန်းလွဲပိုင်း အဖြစ်အပျက်တွေကို အပြင်းထန်ဆုံး ရှုတ်ချပါတယ်။ရဲတပ်ဖွဲ့က တင်းတင်းကြပ်ကြပ် အရေးယူကိုင်တွယ်နေပြီဖြစ်လို့ မြို့လယ်ခေါင်ကို လောလောဆယ် မလာကြပါနဲ့လို့ အကြံပြု တိုက်တွန်း ချင်ပါတယ်။ ရဲတပ်ဖွဲ့ကလည်း အများပြည်သူ စည်းကမ်းထိန်းသိမ်းရေး တတ်နိုင်သမျှ လုပ်ဆောင်နေပါတယ်” ဟု ဘရပ်ဆဲလ်မြို့တော်ဝန် ဖီလစ်ပီကလို့စ် (Philippe Close) က တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
Source: AFP, Bangkok Post
