CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃၁

မွန်ဇာအသင်းကို အနိုင်ရခဲ့တဲစီးရီးအေပွဲမှာ ဒိုင်ဘားလားက ရိုးမားကစားသမားဘ၀ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ရိုးမားအသင်းဟာ ဒီပွဲမှာ မွန်ဇာအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဒိုင်ဘားလားက ၂ ဂိုးသွင်းယူကာ အိုင်ဘာနက်ဇ်က ၁ ဂိုးသွင်းယူခဲ့တာပါ။ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ကုန်ဆုံး ပြီးနောက် ဒိုင်ဘားလားဟာ ရိုးမားအသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားကစားသမားဟာ ဒီပွဲမှာ ရိုးမားအသင်းအတွက် ခြေစွမ်းပြခဲ့ပြီး ပထမဆုံးသွင်းဂိုး ၂ ဂိုးကို ရယူခဲ့တာပါ။

“ကျနော်ဂိုးအရမ်းသွင်းချင်ခဲ့တာပါ။ကံကောင်းထောက်မစွာနဲ့ပဲ အိမ်ကွင်းပရိသတ်တွေရှေ့မှာ သွင်းဂိုး ၂ ဂိုး ရရှိခဲ့ ပါတယ်။နိုင်ပွဲအတွက် ကျနော်အလွန်ပျော်ရွှင်ပါတယ်။ကျနော်တို့အသင်းဟာ ဒီထက်ပိုပြီး ကြီးထွားလာဦးမှာပါ။ ကျနော်တို့ဟာ အရှေ့မှာ ပွဲတွေအများကြီးကစားဖို့ ရှိနေတဲ့အတွက် စွမ်းအင်ကိုလည်း ကောင်းမွန်စွာ စီမံခန့်ခွဲ နေရပါမယ်။ဒီအစုအဖွဲ့ဟာ အလွန်ကောင်းပါတယ်။ကျနော်တို့ကြားထဲမှာလည်း အကောင်းမြင်စိတ်တွေ ရှိပါ တယ်။ဘယ်လောက်ထိဝေးဝေးသွားနိုင်လဲဆိုတာတော့ ပြောဖို့စောပါသေးတယ်” လို့ ဒိုင်ဘားလားက DAZN ကို ပြောခဲ့ပါတယ်။

 

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုဟာ ဒိုင်ဘားလားကို လူစားလဲခဲ့ချိန်မှာ နှစ်ဦးသား ပြုံးပျော်ရွှင်နေခဲ့တာပါ။ဒါနဲ့ ပတ်သက်ပြီး မော်ရင်ဟိုက “ပြီးခဲ့တဲ့နှစ်က ဂျူဗင်တပ်စ်အသင်းက ဒီမှာလာကစားချိန် သူလူစားလဲခံရတော့ မင်း တကယ်ကောင်းတယ် ကောင်လေးလို့ ပြောခဲ့ဖူးပါတယ်။ဒီညမှာလည်း ဒီလိုပဲ ပြောခဲ့တာပါပဲ။ဒါပေမယ့် အဲဒီ ကတည်းက ဘာတွေပြောင်းလဲသွားလဲဆိုတာ တွေးပြီး ရယ်မောခဲ့ကြတာ” လို့ DAZN ကို ပြောခဲ့တာပါ။

ရိုးမားအသင်းဟာ ဒီနိုင်ပွဲကြောင့် စီးရီးအေ ၄ ပွဲကစားအပြီးမှာ ၃ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၁၀ မှတ်နဲ့ အမှတ်ပေး ဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ရိုးမားအသင်းဟာ အခုအပတ်မှာ စီးရီးအေပွဲစဉ်အဖြစ် အူဒီးနီးစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Romapress