CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၂

ဒေါ့မွန် အသင်းတိုက်စစ်မှူး ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာ ဟာ ကွယ်လွန်သွားခဲ့ပေမယ့် ဟာလန်း ကတော့ သူ့ရဲ့ မူလအစီအစဉ်အတိုင်းဆက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

နာမည်ကျော် စူပါအေးဂျင့်တစ်ဦးဖြစ်တဲ့ ရွိုင်အိုလာ ဟာ ဧပြီလ(၃၀) ရက်က ကွယ်လွန်သွားခဲ့တာပါ။နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး ဟာ ရွိုင်အိုလာရဲ့ ကစားသမားတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ရွိုင်အိုလာ ဟာ ကစားသမားရဲ့ အရည်အချင်းကို ချက်ချင်းအသုံးချနိုင်ပြီး နွေရာသီမှာ ထွက်ခွာမယ့် ဟာလန်း အတွက် အသင်း သစ် ရှာဖွေပေးနေတာပါ။ဟာလန်း ဟာ ဒေါ့မွန် အသင်းအတွက် ပြသနေတဲ့ ခြေစွမ်းတွေကြောင့် အသင်းကြီး အများအပြားက ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ရွိုင်အိုလာ ကွယ်လွန်သွားခဲ့တာကြောင့် ဟာလန်းရဲ့ အပြောင်းအရွှေ့တွေနဲ့ပတ်သက်ပြီး သတင်းတွေ အများ အပြားထွက်ပေါ်ခဲ့တာပါ။ဒါပေမယ့် AS ကတော့ တိုက်စစ်မှူးရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အပြောင်းအလဲ ရှိမှာ မဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။အဲဒါကြောင့် ဟာလန်း ဟာ မူလက စီစဉ်ထားတဲ့အရာတွေအတိုင်း ဆက်လုပ် ဆောင်သွားမှာဖြစ်ပါတယ်။

ဒေါ့မွန် အသင်းတိုက်စစ်မှူး ဟာ မန်စီးတီး အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိနေပြီလို့ သတင်းတွေ ထွက်နေပေမယ့် ရီးရယ်လ် အသင်းကို ပြောင်းရွှေ့သွားနိုင်ဖွယ်ရှိနေတာပါ။ရီးရယ်လ် အသင်းဟာ ပီအက်စ်ဂျီ အသင်းတိုက်စစ်မှူး ဘတ်ပီ ကိုလည်း ခေါ်ယူဖို့ ယုံကြည်မှုရှိနေသလို ဟာလန်းကိုလည်း အလွတ်မပေးဘဲ အရ ခေါ်ယူချင်နေတာဖြစ်ပါတယ်။ဒါပေမယ့် ဘတ်ပီရဲ့ အပြောင်းအရွှေ့အပေါ်မှာလည်း မူတည်နေတယ်လို့ သိရပါ တယ်။

အခုရာသီအကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ဘတ်ပီ ဟာ အသင်းနဲ့ သက်တမ်းတိုးစာချုပ် ရသေး တာကြောင့် နွေရာသီမှာ ဘာနေဗျူးကို အလွတ်နဲ့ ရောက်ဖို့ရှိနေတာပါ။ဘတ်ပီ ကတော့ အနာဂတ်နဲ့ပတ်သက်ပြီး ဘာမှထုတ်မပြောရသေးပေမယ့် ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနို က ပြင်သစ်ကစားသမားဟာ လာမယ့်ရာသီ အသင်းမှာ ဆက်ရှိမယ်လို့ မကြာသေးခင်က ပြောထားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက တိုက်စစ်မှူး အစားမထိုးခဲ့ရတဲ့ မန်စီးတီး အသင်းဟာ ဒေါ့မွန် တိုက်စစ်မှူး ဟာလန်း ကို အခုနွေရာသီမှာ အရ ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာ ပါ။

ဟာလန်း ဟာ ဆဲလ်ဘတ် အသင်းကနေ ရောက်ရှိလာကတည်းက ဒေါ့မွန် အသင်းအတွက် (၈၇) ပွဲ ကစားထားပြီး (၈၅) ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Source:Besoccer