CNI International News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇

ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက ဟာလန်း၊ ဒီယတ်ဇ် အပါအဝင် ကစားသမားတချို့ ခေါ်ယူပေးဖို့ ပြောခဲ့တာကို ဘုတ်အဖွဲ့က ငြင်းဆန်ခဲ့တယ်လို့ ယူနိုက်တက် ယာယီနည်းပြဟောင်း ရက်ဂ်နစ်က ပြောလိုက် ပါတယ်။

ရက်ဂ်နစ်က “ ဒါတွေနဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့ စာရွက်စာတမ်းတော့ မရှိပါဘူး။ ကလပ်ကလည်း ဒါကို ဘယ်တုန်းကမှ မလိုချင်ခဲ့ပါဘူး။ ဒီလို စာရွက်စာတမ်း မရှိရင်တောင် နေရာတော်တော်များများမှာ လိုအပ်နေတယ် ဆိုတာ လူတိုင်းသိပါတယ်။ ကျနော်တို့ လိုက်ပ်ဇစ်က ဂျီဗာဒီရယ်လ်၊ အန်ကန်ကူတို့အတွက် ဆွေးနွေးခဲ့ကြပါ တယ်။ ဒါတွေက တကယ်ကို လက်တွေ့ဆန်တဲ့ နာမည်တွေပါ။ မိုရာတာ၊ ဒီယတ်ဇ်၊ ဗလာဟိုဗစ်တို့ အကြောင်း လည်း ပြောခဲ့ပါတယ်။ အဲ့ဒီ အချိန်တုန်းက ဟာလန်းကလည်း ဈေးကွက်ထဲမှာပဲ ရှိပါသေးတယ်။ ဒါပေမယ့် နည်းပြသစ်ရောက်မှ ပြန်တည်ဆောက်ဖို့ ကလပ်က ဆုံးဖြတ်ခဲ့ပါတယ်”လို့ ဂျာမန် သတင်း Bild ကို ပြောခဲ့တာပါ။

ရက်ဂ်နစ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဆိုးလ်ရှား ထုတ်ပယ်ခံရပြီးနောက် ရာသီအကုန်ထိ ယူနိုက်တက် အသင်းကို ယာယီ နည်းပြအဖြစ် ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။

ရက်ဂ်နစ်နဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ်

သူကိုင်တွယ်တဲ့ အချိန်မှာ တိုက်စစ်မှူး မာရှယ်ဟာ ဆီဗီလာထံ အငှားနဲ့ သွားရောက်ခဲ့သလို ဂရင်းဝုဒ်ကလည်း ကလပ်ကနေ ဆိုင်းငံ့ခံထားရတာပါ။ အဲ့ဒါကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ရော်နယ်ဒို တစ်ဦးတည်းကိုသာ မှီခိုခဲ့ရတာပါ။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ၂၄ ဂိုးသွင်းပြီး အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ရာသီအကုန်က ပရီးမီးယားလိဂ် အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့လို့ ချန်ပီယံလိဂ် ဝင်ခွင့် ဆုံးရှုံးခဲ့ပြီး ယူရိုပါလိဂ် ဝင်ခွင့်သာ ရရှိခဲ့တာပါ။

ရက်ဂ်နစ်ဟာ Bild ရဲ့ ဂျာနယ်လစ် ခရစ္စတီယန်ဖော့ခ်နဲ့ တွေ့ဆုံပြီး ဇန်နဝါရီ အပြောင်းအရွှေ့က တိုက်စစ်မှူး ခေါ်ယူဖို့ ကြိုးစားခဲ့ကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက် အသင်းဟာ နည်းပြသစ်အဖြစ် အဲရစ်တန်ဟတ်ကို ခန့်အပ်ပြီးမှ ကြီးမားတဲ့ အပြောင်းအရွှေ့တွေကို ပြုလုပ်လာခဲ့တာပါ။

အေဂျတ်စ်အသင်းက လောတရိုမာတီးနတ်စ်၊ အန်တိုနီ၊ ရီးရယ်လ်အသင်းက ကတ်စမဲရိုး၊ ဖီယင်နုအသင်းက မာလာစီယာနဲ့ အဲရစ်ဆန်တို့ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရာသီကလို အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Source: The Sun