CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇

စပို့တင်းလစ္စဘွန်းအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဟာရီကိန်းရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးကို ပယ်ဖျက်လိုက်ပြီး တဲ့နောက် VAR ဟာ ဘောလုံးကို အများကြီး ထိခိုက်နစ်နာစေတယ်လို့ စပါးအသင်းနည်းပြ ကွန်တီက ပြောလိုက် ပါတယ်။

ကွန်တီက “ ဘောလုံးက ဟာရီကိန်းရဲ့ အရှေ့မှာ၊ ဂိုးကလည်း ပေးရမှာပါ။ သူတို့လိုင်းဆွဲထားတာကို ကျနော်နား မလည်ပါဘူး။ ဒီဆုံးဖြတ်ချက်ကို မှတ်ချက်ပေးဖို့ အလွန်ခက်ခဲပါတယ်။ VAR ကြောင့် အများကြီး ထိခိုက်နစ်နာ ပါတယ်။ အသင်းကြီးတွေရဲ့ တခြားကွင်းမှာ ဒီလိုဂိုးမျိုးကို ခွင့်မပြုတာကို ကျနော် မြင်တွေ့ချင်ပါတယ်။ ဒါကို ကျနော်သိချင်ပါတယ်။ ဒါဟာ မျှတမှု မရှိပါဘူး။ ဒီလို အခြေအနေမျိုးတွေကို ကျနော်မကြိုက်ပါဘူး”လို့ BT Sport ကို ပြောခဲ့တာပါ။

ဒီပွဲစဉ်မှာ မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၅ မိနစ် ပေးထားခဲ့တာဖြစ်ပြီး နောက်ဆုံးမိနစ် အရောက်မှာ အီမာဆန် ခေါင်းတိုက်ချပေးတဲ့ ဘောလုံးကို ဟာရီကိန်းက သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

VAR ဟာ ဒီဂိုးသွင်းအပြီးမှာ မိနစ်အနည်းငယ်ကြာ ပြန်လည်စစ်ဆေးပြီးနောက် ဟာရီကိန်းရဲ့ ဒူးဟာ အနည်းငယ် လူကျွံနေတာကြောင့် လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာပါ။ ဂိုးမပေးတဲ့အပေါ် ကွင်းလယ်ဒိုင်လူကြီးကို စောဒက တက်ခဲ့လို့ ကွန်တီဟာ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဟာရီကန်းကိုတွေ့ရစဉ် (Sky Sports)

ကွန်တီက “ ဂိုးမပေးဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ လူတွေအားလုံးက ကွင်းထဲဝင်လာကြတာပါပဲ။ ဒါပေမယ့် သူက ကျနော့်ကို အနီကတ်ပြလိုက်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကွင်းထဲဝင်လာတဲ့ အထဲမှာ ကျနော်က နာမည်ကြီးမို့ လို့ပါ။ ကျနော်တို့ အနိုင်ရဖို့ ထိုက်တန်ခဲ့ပေမယ့် နောက်ဆုံးမှာ ဘာဖြစ်သွားလဲဆိုတာ သိပါတယ်”လို့ ပြောခဲ့တာ ပါ။

စပါးအသင်းဟာ ဒီပွဲ အနိုင်ရခဲ့မယ်ဆိုရင် ၁၆ သင်းအဆင့် တက်နိုင်မှာဖြစ်ပေမယ့် အနိုင်မရခဲ့တဲ့အတွက် လာမယ့် အပတ်မှာ ကစားမယ့် မာဆေးလ်နဲ့ အုပ်စုနောက်ဆုံးပွဲမှာ အနိမ့်ဆုံး ရမှတ် ၁ မှတ်ရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

စပါးအသင်းဟာ လက်ရှိ ချန်ပီယံလိဂ် အုပ်စုတွင်းမှာ ရမှတ် ၈ မှတ်နဲ့ ဦးဆောင်နေပေမယ့် စပို့တင်းနဲ့ ဖရန့်ဖတ်က ၇ မှတ်စီနဲ့ ဒုတိယ၊ တတိယ၊ မာဆေးလ်အသင်းက ၆ မှတ်နဲ့ စတုတ္တနေရာမှာ ရပ်တည်နေတာပါ။ အဲ့ဒါကြောင့် အသင်းအားလုံးအတွက် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်ရှိနေတာ ဖြစ်ပါတယ်။

Source: Daily Mail