CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၆

ရီးရယ်လ်မက်ဒရစ်နဲ့ ပြင်သစ် လက်ရွေးစင်တိုက်စစ်မှူး ဘန်ဇီမာဟာ ၂၀၂၁-၂၂ ရာသီအတွက် ပေးအပ်တဲ့ ယူအီးအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းကို ချန်ပီယံလိဂ်နဲ့ လာလီဂါဖလား ရရှိအောင် ဦးဆောင်နိုင်ခဲ့ပြီး ပြင်သစ်လက်ရွေးစင် အသင်းနဲ့ နေးရှင်းလိဂ်ဖလား ရရှိခဲ့ပါတယ်။

ဒါကြောင့် ဒီဆုကို ဒီဘရိုင်း၊ အသင်းဖော် ကော့တွိုက်စ်တို့ကို ရမှတ် ပြတ်ပြတ်သားသား အသာရပြီး ဆွတ်ခူး နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘန်ဇီမာအတွက်တော့ ယူအီးအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံး အမျိုးသား ကစား သမားဆုကို ကစားသမားဘဝ ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘန်ဇီမာက “ ကျနော်တကယ်ကို ပျော်ရွှင်ပါတယ်။ ဒီဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ပေမယ့် ကျနော့် အတွက် အရေးကြီးဆုံးအရာက အသင်းနဲ့အတူ ဆုဖလားတွေ ရယူနိုင်ဖို့ပါ။ အန်ဆယ်လော့တီက ကမ္ဘာ့အကောင်း ဆုံး နည်းပြပါ။ သူက ကျနော်တို့ကို ယုံကြည်မှု အပြည့်ပေးပြီး ပွဲမစခင်မှာ ဘာတွေလုပ်ရမလဲ ဆိုတာကို ပြောပြ ထားပါတယ်”လို့ ဆုယူအပြီးမှာ ပြောခဲ့ပါတယ်။

အကောင်းဆုံးအမျိုးသမီး ကစားသမားဆု ရရှိခဲ့တဲ့ ပူတယ်လက်စ် (Forbes)

အကောင်းဆုံး အမျိုးသမီး ကစားသမားဆုကို ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား ပူတယ်လက်စ်က ရရှိ သွားခဲ့ပါတယ်။ ပူတယ်လက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာ ကြောင့် အခုလို ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ပူတယ်လက်စ်အနေနဲ့ ပြီးခဲ့တဲ့နှစ်ကလည်း ဒီဆုကိုရယူခဲ့လို့ ၂ နှစ်ဆက်တိုက် ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ကစားသမားဆုကို ရယူနိုင်ခဲ့တာပါ။

အကောင်းဆုံး အမျိုးသားနည်းပြဆုကို အန်ဆယ်လော့တီနဲ့ အကောင်းဆုံး အမျိုးသမီးနည်းပြဆုကို ဝီဂ်မန်းတို့က ရရှိခဲ့ကြပါတယ်။

အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းကို ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်နဲ့ လာလီဂါဆုဖလား ရရှိအောင် ကိုင်တွယ်နိုင်ခဲ့ပြီး ဝီဂ်မန်းကတော့ အင်္ဂလန်လက်ရွေးစင် အမျိုးသမီးအသင်းကို ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆု ပထမဆုံးအကြိမ် ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တာပါ။

ဒါကြောင့်လည်း အခုလို အကောင်းဆုံးဆုတွေကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေရဲ့ အကောင်း ဆုံး ဥက္ကဋ္ဌဆုကိုတော့ အာရီဂိုဆက်ချီက ရရှိသွားခဲ့ပါတယ်။

Source: UEFA