CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီ ၁၀

ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲမှာ VAR က ကြားဝင်ဆောင်ရွက်မှု အားနည်းတဲ့အပေါ်  ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ကို တိုင်ကြားမှုပြုလုပ်ခဲ့ပါတယ်။

ဒီပွဲရဲ့ပွဲချိန် ၅၄ မိနစ်မှာ အက်သလက်တီကိုအသင်းနောက်ခံလူပူဘီလ်ဟာ သူတို့ရဲ့ဂိုးဧရိယာအတွင်းမှာ ဘောလုံးကို လက်နဲ့ကိုင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းဟာ ပယ်နယ်တီရခဲ့ခြင်းမရှိပါဘူး။ 

ပွဲချိန်အစောပိုင်းမှာ အဝါကတ်ပြသခံခဲ့ရတဲ့ ပူဘီလ်ဟာ ဂိုးသမားမူဆိုက သူ့ကိုပေးခဲ့တဲ့ ဘောလုံးကို လက်နဲ့ကိုင်ပြီး ဂိုးသမားကို ပြန်ပေးကာ ပွဲကို စတင်ခဲ့တာပါ။

ဘာစီလိုနာအသင်းကစားသမားတွေနဲ့ နည်းပြအဖွဲ့ဟာ ပယ်နယ်တီတောင်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက ပွဲကိုဆက်ကစားဖို့ခွင့်ပြုခဲ့သလို VAR ဒိုင်လူကြီးကလည်း ဒီဖြစ်ရပ်အပေါ်ဝင်ရောက်စွက်ဖက်ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းနှင့် အက်သလက်တီကိုအသင်းတို့ ယှဉ်ပြိုင်နေစဉ်

ဘာစီလိုနာအသင်းက ဒီဖြစ်ရပ်အပေါ် VAR ရဲ့ဝင်ရောက်စွက်ဖက်မှုအားနည်းတာက အဓိကအမှားဖြစ်ကြောင်း ထောက်ပြကာ UEFA ကိုတိုင်ကြားမှုပြုလုပ်ခဲ့တာပါ။ 

ဒီပွဲမှာ ဘာစီလိုနာအသင်းဟာ တစ်ဦးလျော့နဲ့ ကစားခဲ့ရတာကြောင့် အက်သလက်တီကိုအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် အက်သလက်တီကိုအသင်းဘက်က နောက်ခံလူပူဘီလ်ထုတ်ပယ်ခံရပြီး သူတို့ပယ်နယ်တီသာ ရခဲ့မယ်ဆိုရင် ပွဲရလဒ်ပြောင်းလဲသွားနိုင်တယ်လို့ ယုံကြည်နေပါတယ်။ 

အက်သလက်တီကိုအသင်းဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် နူးကမ့်ကွင်းမှာ ဘာစီလိုနာအသင်းကို အနိုင်ရခဲ့တာပါ။

ဘာစီလိုနာအသင်းနည်းပြဟန်ဆီဖလစ်ကတော့ ဒုတိယအကျော့ကို အဝေးကွင်းသွားရောက်ကစားရမှာဖြစ်ပေမယ့် ဆီမီးဖိုင်နယ်တက်ဖို့ အခွင့်အရေးရှိတာကြောင့် အကောင်းဆုံးရလဒ်ရရှိအောင် ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။