CNI Sport News
၂၀၂၂ ခုနှစ်၊ မေ ၃၁
စကော့တလန် ကြယ်ပွင့် တွမ်စတောဒ့်မန်းဟာ ကမ္ဘာ့အသန်မာဆုံးလူသား ချန်ပီယံဘွဲ့ကို ဆက်ထိန်းသိမ်း လိုက်ပြီး ဗြိတိန်ရဲ့ ပူးတွဲအအောင်မြင်ဆုံးချန်ပီယံဖြစ်လာခဲ့ပါတယ်။
ရိန်းဂျားစ် ပရိသတ်ဖြစ်တဲ့ တွမ်စတောဒ့်မန်းဟာ ဒီပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာကြောင့် ဂျီယိုအောဖ့် ကိတ်ပ်စ်နဲ့ဆုရတဲ့ အရေအတွက်ချင်းတူညီသွားခဲ့တာပါ။စတောဒ့်မန်းဟာ ဒီပြိုင်ပွဲသမိုင်းမှာ ချန်ပီယံဆု ၂ ကြိမ် ရယူနိုင်ခဲ့တဲ့ ၁၀ ဦးမြောက်သူလည်း ဖြစ်ခဲ့ပါတယ်။စကော့တလန် နိုင်ငံသားဟာ ၂၀၁၅ နဲ့ ၂၀၁၆ ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ၂ နှစ်ဆက်တိုက်ရယူနိုင်ခဲ့တဲ့ အမေရိကန်နိုင်ငံသား ဘရိန်းရှော ပြီးနောက် အခုလို ချန်ပီယံဆုကို ထိန်းသိမ်းနိုင်တဲ့ ပထမဆုံး အားကစားသမားလည်း ဖြစ်ခဲ့တာပါ။
စကော့တလန်ဘောလုံးအသင်းဟာ အခုတစ်ပတ်ထဲမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲပလေးအောဖ့်အဖြစ် ယူကရိန်း အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး စတောဒ့်မန်းရဲ့ အောင်မြင်မှုဟာ ကောင်းမွန်တဲ့ လက္ခဏာတစ်ခုအဖြစ် မြင်နိုင်တာ ဖြစ်ပါတယ်။စတောဒ့်မန်းဟာ ဒီပြိုင်ပွဲမှာ ၅၃.၅ မှတ်နဲ့ ပထမ၊ အမေရိကန်နိုင်ငံသား မာတင်စ်လီဆစ်နဲ့ ယူကရိန်း နိုင်ငံသား နိုဗီကော့ဗ်တို့ကတော့ ၄၃ မှတ်နဲ့ ဒုတိယ၊တတိယ နေရာတွေမှာ ရပ်တည်နိုင်ခဲ့တာပါ။ တွမ်စတောဒ့် မန်းရဲ့ အစ်ကိုဖြစ်သူ လုပ်ခ်စတောဒ့်မန်းကလည်း ဒီပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နံပတ် ၇ နေရာမှာ ရပ်တည် နိုင်ခဲ့တာဖြစ်ပါတယ်။
တွမ်စတောဒ့်မန်းက “နောက်တစ်ကြိမ်ပြန်လုပ်နိုင်တာမယုံနိုင်စရာပါပဲ။ဒါဟာ ကျနော့်အတွက်တော့ အဆုံးထိ လွယ်ကူတဲ့ ခရီးတစ်ခုလိုပါပဲ။ခင်ဗျားခေါင်းထဲမှာပဲ ဒါကို ထားရပါမယ်။ဒီအရာတွေကို ခင်ဗျားအထင်ကြီးနေလို့ မရပါဘူး”လို့ USA Today ကို ပြောခဲ့တာပါ။တွမ်စတောဒ့်မန်းဟာ ဆုဖလားကို နမ်းနေတဲ့ပုံကို ဆိုရှယ်မီဒီယာ ပေါ်မှာ လျင်လျင်မြန်မြန်ပဲ တင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် အစောကြီးရတဲ့ သူ့အတွက် မွေးနေ့လက်ဆောင် ဆိုပြီးလည်း ပုံထပ်တင်ခဲ့တာပါ။
တွမ်စတောဒ့်မန်းဟာ ဇွန်လ ၁၂ ရက် လန်ဒန်အားကစားကွင်းမှာ ကျင်းပမယ့် Soccer Aid ပြိုင်ပွဲမှာ ပါဝင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။တွမ်စတောဒ့်မန်းဟာ အင်္ဂလန်နဲ့ကစားမယ့် World XI အသင်းမှာ ပါဝင်မှာ ဖြစ်ပါ တယ်။
Source:The Sun